ကရင်ဝန်ကြီးချုပ်အဖြစ် ဦးစောမြင့်ဦး ပြန်လည်ရွေးချယ်ခံရ

ဘားအံ၊ ဧပြီ ၆

ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးစောမြင့်ဦး ပြန်လည်ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။

ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ ကျင်းပတဲ့ ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးကိုပဲ ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့တာပါ။

ဦးစောမြင့်ဦး ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခန့်အပ်လိုက်တာကြောင့် သူ့ကိုထောက်ခံသူတွေက ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။

လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ စစ်ကော်မရှင်က ပြုလုပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာပါ။

ကရင်လူမျိုးဖြစ်တဲ့ ဦးစောမြင့်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ဖာပွန်မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်သလို စစ်တပ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.