ဘန်ကောက်၊ မတ် ၁၉
မတ် ၁၉ ရက်က ထိုင်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် လက်ရှိ ဝန်ကြီးချုပ် အနုတင်ဟာ ဝန်ကြီးချုပ် ရာထူးအတွက် ထပ်မံ ရွေးကောက်ခံလိုက်ရပါတယ်။
ဘွန်ဂျိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင်ဟာ လွှတ်တော်မဲခွဲဆုံးဖြတ်မှုမှာ တိုးတက်ရေး ပြည်သူ့ပါတီ ခေါင်းဆောင် နာသာဖွန်ကို ကောင်းကောင်း အသာရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအတွင်း ပြီးခဲ့တဲ့လက အမှတ်မထင် ဒုတိယနေရာရရှိခဲ့တဲ့ ပြည်သူ့ ပါတီဟာ အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ အများက မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
အနုတင်ဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် နှစ်စုအတွင်း ရာထူးနေရာ ပြန်လည် ရွေးကောက်ခံရတဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံရေးမှာ အထင်ကရ ဖြစ်လာဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတဲ့ ဘွန်ဂျိုင်ထိုင်း ပါတီဟာ အံ့သြစရာ ကောင်းလောက်အောင် ကံတရား ပြောင်းလဲလာခဲ့ပြီး အရေးပါတဲ့ ရွေးကောက်ပွဲမှာ အောင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ထိုင်းမှာ အမျိုးသားရေးဝါဒ အားကောင်းလာခဲ့ပြီး ဘွန်ဂျိုင်ထိုင်း ပါတီ အပေါ် ထောက်ခံသူ ပိုများလာခဲ့တာ ဖြစ်ပါတယ်။
အနုတင်က ပြိုင်ဖက် လွှတ်တော်အမတ်တွေရဲ့ အသံတွေကိုလည်း တန်းတူ နားထောင်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ မိမိတို့မှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
ဘွန်ဂျိုင်ထိုင်းပါတီဟာ ထိုင်းနိုင်ငံရဲ့ သြဇာကြီးမားတဲ့ စစ်တပ်နဲ့ တရားရေး စနစ်တို့ရဲ့ အမျက်ဒေါသကနေ ချမ်းသာရာရခဲ့ပြီး အနုတင်ကိုယ်တိုင်ကလည်း ဘုရင့်နန်းတော် လိုလားသူ ဖြစ်ပါတယ်။
ထိုင်းမှာ အစိုးရအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေ ဖျက်သိမ်းခဲ့ရတဲ့ နောက်ကွယ်မှာ စစ်တပ်နဲ့ တရားရေး စနစ်ဟာ အဓိက နေရာတွေကနေ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
အနုတင် ဝန်ကြီးချုပ်အဖြစ် ပြန်လည် ရွေးကောက်ခံရမှုနဲ့အတူ ထိုင်းလူထုက နိုင်ငံရေး တည်ငြိမ်လာမယ်လို့ မျှော်လင့်ထားကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Ref:Reuters

