March 16, 2026

CRPH နဲ့ စစ်ကော်မရှင်တို့ အပြိုင်အဆိုင် လွှတ်တော်ခေါ်ယူမှု ဘာတွေထူးခြားလဲ

နေပြည်တော် ၊ မတ် ၁၇ အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ မတ် ၁၆ ရက်နေ့မှာ အပြိုင်အဆိုင် လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အနိုင်ရကိုယ်စားလှယ်တွေကို စစ်ကော်မရှင်က တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပချိန်မှာ CRPH…

စစ်အာဏာသိမ်း (၁၈၇၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၉၃) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၇ AAPP ရဲ့ မတ်၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၇၈) ရက်အတွင်း ပြည်သူ (၇၈၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၄၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၂၀၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မွန်မှာ စုံမယာဉ်စစ်ဆေးမှုစတင်

မော်လမြိုင် ၊ မတ် ၁၇ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ မတ်လ ၁၆ ရက်နေ့ကစလို့ ဌာနစုံပါတဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေက စုံ မ ယာဉ် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ စက်သုံးဆီ ခြိုးခြံချွေတာဖို့နဲ့ စက်သုံးဆီ ဖူလုံမှု ရှိဖို့အတွက်ဆိုကာ လစဉ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာ ပါတဲ့…

ရေးအခြေစိုက် အမြောက်တပ်ဂိတ် ဝင်တိုက်ခံရလို့ သုံးဦး သေဆုံး

ရေး၊ မတ် ၁၇ မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာအခြေစိုက် အမှတ် ၃၁၆ အမြောက်တပ်ရင်းရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၂၀ ကျော် တပ်စွဲထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က အလစ်ငိုက်…

အီရန်ပြီးရင် ကျူးဘားကို အရေးယူနိုင်ခြေရှိတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ မတ် ၁၆ အမေရိကန်အနေနဲ့ မကြာခင် ကျူးဘားနဲ့ သဘောတူညီမှု ရယူနိုင်ပြီး ဒါမှမဟုတ်လို့ရှိရင် တခြား အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ ကာလကြာရှည် ထိခိုက်နေတဲ့ ဆက်ဆံရေးအတွင်း တိုးတက်မှုတွေ အလျင်အမြန် ဖြစ်ပေါ်လာမယ်လို့ ဒေါ်နယ် ထရန့်က အချက်ပြလိုက်တာ ဖြစ်ပါတယ်။…

ယူကရိန်းကို တရားဝင် ပစ်မှတ်အဖြစ် အီရန် ကြေညာ

တီဟီရန်၊ မတ် ၁၆ ယူကရိန်းက အစ္စရေးထံ ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ ပြောကြားပြီးနောက် ယူကရိန်းဟာ မိမိတို့ရဲ့ တရားဝင် ပစ်မှတ် ဖြစ်လာပြီလို့ အီရန်က ကြေညာလိုက်ပါတယ်။ အီရန် လွှတ်တော် အမျိုးသား လုံခြုံရေးကော်မတီ ခေါင်းဆောင် အီဘရာဟင် အဇီဇီက အရှေ့အလယ်ပိုင်း စစ်ပွဲထဲ ယူကရိန်း ဝင်ပါလာပြီ ဖြစ်တယ်လို့ လူမှုမီဒီယာမှာ ပြောဆိုထားပါတယ်။ ယူကရိန်းက…

ကရင်နယ်လုံဝန်ကြီး အပြောင်းအလဲ ပြုလုပ်

ဘားအံ၊ မတ် ၁၆ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးဝင်းကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကော်မရှင်က မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး မင်းသူကျော် အစား ဗိုလ်မှူးကြီး စိုးမိုးဝင်းကို ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ရာထူးကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးကြီး မင်းသူကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃…

ဝင်းဝစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်လံချေမှုန်းခံရလို့ ခုနှစ်ဦး သေဆုံး

သရက်ချောင်း၊ မတ် ၁၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်းဝတပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်လံတိုက်ခိုက်ခံရတာကြောင့် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ ဝင်းဝစခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦး…

ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေး တရုတ်နဲ့နေတိုးအဖွဲ့ကို ထရန့် ဖိအားပေး

ပါရီ ၊ မတ် ၁၆ နေတိုး မဟာမိတ် အဖွဲ့ဝင်တွေအနေနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး မကူညီဘူးဆိုရင် မဟာမိတ်အဖွဲ့ရဲ့ အနာဂတ် အလွန်ဆိုးရွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို သူ့အနေနဲ့ နောက်ဆုတ်ကောင်း နောက်ထုတ်ရလိမ့်မယ်လို့ ပြောကြားကြောင်း…

အီရန်မှာ တိုက်ခိုက်စရာ ပစ်မှတ် ထောင်နဲ့ချီ ရှိနေသေးတယ်လို့ အစ္စရေး ပြော

ဂျေရုစလင်၊ မတ် ၁၆ အီရန် အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ပြီး တိုက်ခိုက်မှု ဧရိယာ ချဲ့လိုက်ပြီးနောက် အီရန်မှာ နောက်ထပ် တိုက်ခိုက်စရာ ပစ်မှတ်ထောင်နဲ့ချီ ရှိနေသေးတယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရ အက်ဖရီ ဒီဖရင်က ပြောလိုက်ပါတယ်။ တီဟီရန်အနေနဲ့ အမေရိကန်ကို အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတာ မရှိဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်…