March 13, 2026

စစ်အာဏာသိမ်း (၁၈၆၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၄ AAPP ရဲ့ မတ်၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၆၇) ရက်အတွင်း ပြည်သူ (၇၈၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၁၉၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်ဖို့ မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲသွားမယ်

မော်လမြိုင် ၊ မတ် ၁၄ တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို အခြေခံပြီး တော်လှန်ရေးကာလအတွက် မွန်ပြည်တော်လှန်ရေးပဋိညာဉ် (Mon State Revolutionary Charter) ချာတာကို ရေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ မွန်တော်လှန်ရေးဖိုရမ်ကနေ မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီ ချာတာရေးဆွဲနေတဲ့ကာလအတွင်း တော်လှန်ရေးအဖွဲ့တွေကြား လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်တော်လှန်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုလည်း…

မွန်မှာ စက်သုံးဆီဈေး အတက်ကြမ်းနေ

မော်လမြိုင် ၊ မတ် ၁၄ မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းဟာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် တစ်ရက်တည်းမှာပဲ တစ်လီတာကို ကျပ် ၅၀၀ ကနေ ကျပ် ၈၀၀ ကျော်အထိ ဈေးပိုနေပြီး ဈေးနှုန်း အတက်ကြမ်းနေတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။ စစ်ကော်မရှင်ရဲ့ သတ်မှတ်ချက်အရ မတ်လ ၁၂ ရက်နေ့က 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို…

DKBA ကျားဖြန့်ဆိုက်ထဲ စစ်တပ်လက်နက်ကြီးကျလို့ လူပေါင်း ၂၀ ကျော် ထိခိုက်သေဆုံး

မြဝတီ၊ မတ် ၁၄ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးလေးရွာအနီးရှိ DKBA ရဲ့ ကျားဖြန့်ဆိုက်မှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀ ကျော် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖလူးဒေသထဲကို အင်အားထပ်မံပို့ဆောင်ထားပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား အခုရက်ပိုင်းထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်ကော်မရှင်တပ်က လက်နက်ကြီး…

ဟောမု့ဇ် ရေလက်ကြားအနီး တိုက်ခိုက် မခံရစေရေး ကုန်တင်သင်္ဘောတွေက တရုတ်သင်္ဘော ဖြစ်ကြောင်း ကြေညာ မောင်းနှင်နေ

ဟောင်ကောင်၊ မတ် ၁၃ စီးပွားဖြစ် ပြေးဆွဲနေတဲ့ သင်္ဘော တချို့ ဟောမု့ဇ် ရေလက်ကြားအတွင်း ဒါမှမဟုတ် အနီးအနားမှာ သူတို့ကိုယ် သူတို့ တရုတ် သင်္ဘော ဖြစ်ကြောင်း ကြေညာပြီး ခုတ်မောင်းသွားလာနေကြတယ်လို့ ဆိုပါတယ်။ အီရန် စစ်ပွဲ အရှိန်မြင့်တက်လာချိန် ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို မီးလောင်တိုက်သွင်းပစ်မယ်လို့…

ထိုင်းညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းပြီးပြီလို့ ဝန်ကြီးချုပ် အနုတင် ပြော

ဘန်ကောက်၊ မတ် ၁၃ ဘွမ်ဂျိုင်ထိုင်းပါတီ၊ ဖူထိုင်းပါတီတို့နဲ့ အဓိက လက်တွဲပြီး ပါတီငယ်လေးတွေ ပါဝင်တဲ့ ထိုင်းညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး အပြီးသတ် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၂ ရက်က ဖူထိုင်းပါတီ အရာရှိတွေနဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိမိတို့ ညွှန့်ပေါင်းအဖွဲ့အနေနဲ့ လွှတ်တော်ရဲ့ လုံလောက်တဲ့…

မွန်နဲ့ကရင်အစပ်က ကျေးရွာ လေးရွာ ဗုံးကြဲခံရ

ဘီးလင်း၊ မတ် ၁၃ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က ကျေးရွာ လေးရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး ဆယ်ချီ ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ မတ်လ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ တိုက်မရှိဘဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က ကျေးရွာ လေးရွာကို…

မြန်မာစစ်တပ်ကို အပြင်းထန်ဆုံး ဖိအားပေးဖို့ နိုင်ငံတကာထံ KNU တောင်းဆို

ဘားအံ၊ မတ် ၁၃ နိုင်ငံတဝန်းမှာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အပြင်းထန်ဆုံး ဖိအားတွေကို အမြန်ဆုံးနဲ့ တပြိုင်တည်း ဖိအားပေးဆောင်ရွက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုင်ငံတကာအသိုက်အဝန်းထံ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ ကော်သူးလေအုပ်ချုပ်နယ်မြေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတွေ၊ လူထုနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထားပြီး သာလွန်အင်အားသုံးတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် အရှိန်အဟုန်တိုးမြင့်ကျူးလွန်နေတဲ့အပေါ် KNU အနေနဲ့ ပြင်းပြင်းထန်ထန်…

တရုတ်နဲ့ မြောက်ကိုရီးယားကြား ခရီးသည်တင်ရထားပြေးဆွဲမှု ပြန်လည်စတင်

ဘေဂျင်း မတ် ၁၃ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို သွားမယ့် ပထမဆုံးခရီးသည်တင်ရထားဟာ မတ် ၁၂ ရက်မှာ ထွက်ခွာခဲ့ပြီး၊ ဒါဟာ ၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ပြေးဆွဲမှုလည်း ဖြစ်ပါတယ်။ တရုတ်ကတော့ နယ်စပ်ဖြတ်သန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေကို အားကောင်းအောင်လုပ်ပြီး အိမ်နီးချင်းနိုင်ငံ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ K27 လို့…

အမေရိကန်ကို နောင်တရအောင် လုပ်မယ်လို့ အီရန် ကြုံးဝါး

တီဟီရန် မတ် ၁၃ အမေရိကန်က အီရန်ကို တိုက်ခိုက်တာဟာ လွယ်ကူပေမယ့် ဒီစစ်ပွဲကို X ပေါ်မှာ စာတစ်ကြောင်းရေးလိုက်သလို လွယ်လွယ်နဲ့ မနိုင်နိုင်ဘူးလို့ မတ် ၁၂ ရက်နေ့မှာ အီရန်အစိုးရဘက်က ပြောဆိုလာပါတယ်။ အီရန် လုံခြုံရေးအရာရှိ အလီ လာရီဂျာနီက “ဒီအမှားကြီးအတွက် အမေရိကန် နောင်တရအောင် လုပ်မယ့်အထိ ကျွန်တော်တို့ မနားဘူး” လို့ လူမှုကွန်ရက်မှာ…