ဘန်ကောက်၊ မတ် ၁၃

ဘွမ်ဂျိုင်ထိုင်းပါတီ၊ ဖူထိုင်းပါတီတို့နဲ့ အဓိက လက်တွဲပြီး ပါတီငယ်လေးတွေ ပါဝင်တဲ့ ထိုင်းညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး အပြီးသတ် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်က ဖူထိုင်းပါတီ အရာရှိတွေနဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိမိတို့ ညွှန့်ပေါင်းအဖွဲ့အနေနဲ့ လွှတ်တော်ရဲ့ လုံလောက်တဲ့ ထောက်ခံမှု ရရှိထားပြီး ခလာတမ်ပါတီ ဒါမှမဟုတ် ဒီမိုကရက်ပါတီရဲ့ ထောက်ခံကူညီမှု လိုအပ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားတာပါ။

အဲဒီ သတင်းစာရှင်းလင်းပွဲကို ဖူထိုင်းပါတီ ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

လွှတ်တော်တွင်း ထိရောက်တဲ့ အစိုးရ ဖြစ်လာစေရေး ညွှန့်ပေါင်းအဖွဲ့ရဲ့ လွှတ်တော် အမတ် အရေအတွက် သင့်တော်တဲ့ အရေအတွက် ပြည်ထားပြီးပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အနုတင်က အသိပေးပါတယ်။

လွှတ်တော်အမတ် နေရာ ၃၀၀ ကျော်နဲ့အတူ ညွှန့်ပေါင်းအစိုးရအနေနဲ့ ကြီးမားလွန်းတဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဖူထိုင်းပါတီ ခေါင်းဆောင်နဲ့ လက်ထောက် ခေါင်းဆောင် နှစ်ဦးတို့က လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးအတွက် ဘွန်ဂျိုင်ထိုင်း ပါတီသို့ မတ် ၁၂ ရက်က တောင်းဆို တင်ပြထားပါတယ်။

မတ် ၁၄ ရက်မှာ နန်းတော်က ဦးဆောင်ကျင်းပမယ့် အခမ်းအနားနဲ့အတူ လွှတ်တော် အသစ်ကို မဖွင့်လှစ်ခင် ထိုင်းညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

လွှတ်တော် စတင်ပြီးနောက် လွှတ်တော်အမတ်တွေက လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးနဲ့ ဒုဥက္ကဋ္ဌ နှစ်ဦး ရွေးကောက်တင်မြှောက်ဖို့ ရှိနေပါတယ်။

အဲဒီ ရာထူး သုံးနေရာကို ဘွမ်ဂျိုင်ထိုင်း ပါတီနဲ့ ဖူထိုင်း ပါတီတို့ ပူးပေါင်း ရွေးချယ်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင်က ဆိုပါတယ်။

သူက အမည်စာရင်း တင်သွင်းခံထားရသူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း တရားဝင် လုပ်ငန်းစဉ် မတိုင်ခင် ထုတ်မပြောလိုဘူးလို့ ပြောပါတယ်။

ညွှန့်ပေါင်း အစိုးရအနေနဲ့ လွှတ်တော် အမတ် ၂၉၁ ဦးရဲ့ ထောက်ခံမှု ရနိုင်ပါ့မလားလို့ မေးမြန်းရာမှာ အဲဒီ အရေအတွက်လောက် ထောက်ခံမှု ရရှိထားတယ်လို့ အနုတင်က ဆိုပါတယ်။

လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နှစ်ဦး ရွေးချယ်ပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုရွေးချယ်မှာ ဖြစ်ပြီး အမည်စာရင်း တင်သွင်းမှုတွေ ရှိလာမယ်လို့ သူက ဖြည့်စွက် ပြောဆိုထားပါတယ်။
Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.