အစ္စရေးက အီရန်နဲ့ လက်ဘနွန်ကို ထပ်မံ တိုက်ခိုက်

ဂျေရုစလင်၊ မတ် ၃

အီရန်မြို့တော် တီဟီရန်နဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တို့ရှိ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

အစ္စရေး နယ်စပ် ဒေသတွေကို တိုက်ခိုက်မှုခံရမှု ကြိုတင်ကာကွယ်ရေး လက်ဘနွန်ရှိ နောက်ထပ် ဗျူဟာမြောက် ဒေသတွေကို မြေပြင် တပ်ဖွဲ့တွေနဲ့ ထိုးစစ်ဆင် သိမ်းပိုက်သွားမှာ ဖြစ်ကြောင်းလည်း အစ္စရေးက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ မြို့တော် ရီးယာ့ဒ်ရှိ အမေရိကန် သံရုံး ဒရုန်း နှစ်စီးနဲ့ တိုက်ခိုက်ခံရတာဟာ အီရန်ရဲ့ လက်ချက် ဖြစ်ပုံရပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် မီးလောင်မှု ဖြစ်ပွားပြီး အပျက်အစီး အနည်းငယ် ရှိခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

ဘာရိန်းနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်း ကွပ်ကွဲရေး အဆောက်အဦကို တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပေမယ့် အမေရိကန်က မှတ်ချက် မပေးသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အီရန်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ မလုပ်ရသေးဘူးလို့ မတ် ၂ ရက်မှာ ပြောထားပါတယ်။

ဒီအတောအတွင်း ထရန့်က ကနဦးမှာ ဗြိတိန် အခြေစိုက် စခန်းတွေကို အသုံးပြုခွင့် မပေးခဲ့တဲ့ ဝန်ကြီးချုပ် ကီယာ စတာမာအား အပြစ်တင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီး အီရန်က ဒေသတဝှမ်း လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန် နိုင်ငံသားများ အခုချက်ချင်း ထွက်ခွာကြဖို့ အမေရိကန်က မတ် ၂ ရက်မှာ တိုက်တွန်းထားပါတယ်။

အိုမန်မှာ ရေနံတင် ဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း အိုမန် အစိုးရက ပြောပါတယ်။

ဝန်ကြီးချုပ် စတာမာကတော့ ဗြိတိန် နိုင်ငံသားတွေကို ကာကွယ်ရေး အရာအားလုံး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘော မှန်သမျှကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လမ်းကြောင်းကို အီရန်က ပိတ်ထားလိုက်ပြီးနောက် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။

အီရန် စစ်ပွဲ ပိုရှည်ကြာနေမယ်ဆိုရင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ဈေးတွေ နောက်ထပ် မြင့်တက်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ အီရန်ကို အမေရိကန်နဲ့ မိမိတို့ တိုက်ခိုက်မှု နှစ်နဲ့ချီ ကြာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.