တစ်လအတွင်း ဗုံးကြဲမှုကြောင့် အရပ်သား ၇၅ ဦး သေဆုံး

မော်လမြိုင်၊ မတ် ၄

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၇၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့တာပါ။

သေဆုံးသူတွေဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၅ ဦးနဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၄ ဦး၊ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၄ ဦး၊ မြေမြုပ်မိုင်းကြောင့် တစ်ဦးနဲ့ အကြောင်းအရင်း မသိရသေးသူတစ်ဦး ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးအရ စစ်ကော်မရှင်ရဲ့ဖမ်းဆီးချုပ်နှောင်ခံရသူ တစ်ဦး ရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူ တစ်ဦး ပါဝင်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ် ယိုးငူကျေးရွာမှာ စစ်ကော်မ ရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သားပြည်သူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.