February 2026

စစ်အာဏာသိမ်း (၁၈၅၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၁၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၂၅ AAPP ရဲ့ ဖေဖော်ဝါရီ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၅၀) ရက်အတွင်း ပြည်သူ (၇၈၁၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၅၁၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၇၁၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်တပ်ရဲ့ ပြောင်းလဲလာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ တော်လှန်ရေးအပေါ် ဘာတွေ သက်ရောက်နိုင်မလဲ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၅ အာဏာသိမ်းမှုကနေ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ စစ်တပ်ဟာ နိုင်ငံတော် သမ္မတရွေးချယ်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး မကြာခင်မှာ လွှတ်တော်ခေါ်ယူတော့မယ့် လမ်းကြောင်းပေါ် စတင်ခြေလှမ်းလာနေပါပြီ။ လာမယ့် မတ်လ တတိယပတ်ကစပြီး တတိယကြိမ် သက်ဆိုင်ရာ လွှတ်တော်အလိုက် ပထမပုံမှန်အစည်းအဝေးကို တစ်ရက်ချင်းစီ ခြားပြီး ခေါ်ယူကျင်းပသွားမယ်လို့ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီက ဖေဖော်ဝါရီ…

KNU ဌာနချုပ်နယ်မြေထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာ

ပိုင်ကျုံ၊ ဖေဖော်ဝါရီ ၂၅ ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်နေကြလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစလို့ ကရင်ပြည်နယ် ပိုင်ကျုံမြို့ထဲ စစ်ကြောင်းထိုးလာတာကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ…

မတ်လ ၂၀ ရက်မှာ တိုင်းနဲ့ပြည်နယ်လွှတ်တော် အစည်းအဝေးစခေါ်မယ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ တတိယအကြိမ် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေကို လာမယ့် မတ် ၂၀ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော် အစည်းအဝေး ခေါ်ယူမယ့် နေ့ရက်ကို စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အမှုဆောင်ချုပ်…

ရှေ့တန်းမှာ အမိန့်မနာခံတဲ့ ရုရှား စစ်သားတွေ ကွပ်မျက်ခံနေရ

မော်စကို၊ ဖေဖော်ဝါရီ ၂၄ ယူကရိန်းနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲ ရှေ့တန်း စစ်မြေပြင်မှာ အမိန့် မနာခံတဲ့ စစ်သားတွေကို သူတို့ရဲ့ အထက်အရာရှိတွေက ကွပ်မျက် သတ်ဖြတ်နေကြောင်း ရုရှား စစ်သားလေးဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ အမိန့် မနာခံတဲ့ စစ်သား တစ်ယောက်ကို အထက်အရာရှိက ပစ်သတ်ခဲ့တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ရုရှား…

တရုတ်က နျူကလီးယား လက်နက်တိုက် ကြီးကြီးမားမားတိုးချဲ့နေတယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ တရုတ်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို သိသိသာသာ တိုးချဲ့နေတယ်လို့ အမေရိကန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ စွပ်စွဲပြီး ဘေဂျင်းက နျူကလီးယား လက်နက် စမ်းသပ်မှုတွေ လျှို့ဝှက်ပြုလုပ်နေတယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။ တရုတ်အနေနဲ့ အနာဂတ် လက်နက် ထိန်းချုပ်ရေး သဘောတူညီမှုမှာ ပါဝင်ဖို့လည်း ဝါရှင်တန်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။…

ဘီးလင်း-နှင်းပုလဲလမ်းပိုင်းမှာ လူငယ် ငါးဦး စစ်မှုထမ်း ဖမ်းဆီးခံရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာ ဘီးလင်း – နှင်းပုလဲလမ်းပိုင်းမှာ လူငယ် ငါးဦး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်က အလုပ်ကနေ ပြန်လာတဲ့ လူငယ် ငါးဦးကို စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ဘီးလင်း…

တိုင်းတပါးအရေး ရေခြားမြေခြားမှာ တိုက်ပွဲဝင်နေတဲ့ စင်ကာပူနိုင်ငံသားတွေကို အရေးယူမယ်

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၄ တိုင်းတပါးနိုင်ငံတွေရဲ့ အရေးကိစ္စအတွက် ရေခြားမြေခြားမှာ တိုက်ပွဲဝင်နေတဲ့ စင်ကာပူ နိုင်ငံသားတွေကို အရေးယူသွားမှာ ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကေ ရှန်မူဂန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။ စင်ကာပူမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ လူမျိုးရေး၊ ဘာသာရေး စည်းချက်ညီညွတ်ဖို့ အရေးကြီးကြောင်းသူက အလေးထား ပြောဆိုပါတယ်။ စင်ကာပူမှာ စည်းချက်ညီညွတ်စွာ…

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ ပါတီ ညီလာခံမှာ ရာထူးတိုးပေးခံရ

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၄ ကြုံတောင့်ကြုံခဲ ကျင်းပတဲ့ ပါတီ ညီလာခံအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားဆဲ့ ညီမ ဖြစ်သူဟာ အာဏာရပါတီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအတွင်း ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း နိုင်ငံပိုင် မီဒီယာက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖော်ပြပါတယ်။ အရင်က ဌာနဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်တဲ့ ကင်ယိုဂျုံကို အလုပ်သမားပါတီရဲ့ ဗဟို ကော်မတီက…

မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ မြန်မာ ဖြစ်လာ

မော်လမြိုင်၊ဖေဖော်ဝါရီ ၂၄ ကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေအကြောင်း မှတ်တမ်းတင်နေတဲ့ Landmine Monitor ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အပေါ်မှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ Landmine Monitor အဖွဲ့က နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေကြောင့်…