တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေ အိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က လယ်သစ်ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ရတဲ့ လယ်သစ်ရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာ မရှိဘဲ စစ်ကော်မ ရှင်တပ်က အကြောင်းမဲ့ သက်သက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ လယ်သစ်ရွာထဲမှာပဲ ဆက် လက်တပ်စွဲထားတာ ဖြစ်ပါတယ်။

မီးရှို့ခံရတဲ့ လယ်သစ်ကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်လောက်ကတည်းက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တနင်္သာရီတိုင်းမှာ အခုလအတွင်း စစ်ကော်မရှင်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.