မလေးရှား ကာချုပ်ဟောင်း ဒေါ်လာ ၁၉၀,၀၀၀ လာဘ်ယူမှုနဲ့ စွဲချက်တင်ခံရ
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၃ မလေးရှား ကာကွယ်ရေးဦးစီးချုပ်ဟောင်းကို အာဏာ အလွဲသုံးစားလုပ်မှု၊ စစ်တပ် ဖူလုံရေး ရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှုတွေအတွင်း မလျော်မကန် လုပ်ဆောင်မှုတို့နဲ့ ဇန်နဝါရီ ၂၃ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။ အသက် ၅၉ နှစ်အရွယ် မိုဟာမက် နီဇမ် ဂျက်ဖာဟာ ဖူလုံရေးရန်ပုံငွေနဲ့ ဖြန့်ဖြူးပေးတဲ့ လွတ်လပ်ရေးနေ့ စားစရာ လက်ဆောင်ခြင်းတွေအတွက်…
