မော်လမြိုင် ဇန်နဝါရီ ၂၃
ပဲခူးတိုင်း တောင်းငူမြို့ မုန်း ၆ ရပ်ကွက်မှာ နေထိုင်သူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာ တောစပ်မှာ ထင်းခွေထွက်ရင်း မိုင်းနင်းမိရာက ခြေထောက်တစ်ပြတ်တောက်သွားတယ်လို့ မြို့ခံ ပရဟိတအဖွဲ့တချို့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် မနက်ကိုင်းမှာ သူနေထိုင်တဲ့ မုန်းရပ်ကွက်အနီးရှိ တောစပ်မှာ ထင်းရှာထွက်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် အဲဒီအမျိုးသမီးကြီးဟာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာပါ။
အဲဒီလိုပြင်းထန်ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးကြီးကို တောင်ငူဆေးရုံဆီ ပို့ဆောင်ထားပြီး ခြေတုတပ်ပေးနိုင်ဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုက ကူညီဆောင်ရွက်ပေးနေပါတယ်။
မိုင်းဒဏ်ရာ ရရှိခဲ့တဲ့ အဲဒီအမျိုးသမီးကြီးဟာ ခင်ပွန်းနဲ့အတူ အလေ့ကျပေါက်တဲ့ ရာသီပေါ် သီးနှံတချို့ကို ခူးရောင်းတာနဲ့ ထင်းခွေရောင်းချတာတွေနဲ့ အသက်မွေးနေသူ လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်

