စစ်အာဏာသိမ်း (၁၈၀၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၇၂) ဦးအထိရှိလာ
မော်လမြိုင်၊ ဇန်နဝါရီ ၉ AAPP ရဲ့ ဇန်နဝါရီ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၃) ရက်အတွင်း ပြည်သူ (၇၆၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၄၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…
