2025

ရွှေသောင်ရွာကို ဗုံးကြဲတာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွှေသောင်ကျေးရွာကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲခဲ့ပေမယ့် သူတို့လုပ်တာမဟုတ်ဘူး”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်ပိုင် မြဝတီသတင်းဌာနအပါအဝင်…

စစ်အာဏာသိမ်း (၁၄၄၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ AAPP ရဲ့ ဇန်နဝါရီ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၄၃) ရက်အတွင်း ပြည်သူ (၆၁၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၂၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မော်လမြိုင်မှာ ယာဉ်ထိန်းရဲတွေ အစစ်ဆေးကြမ်း၊ ငွေညှစ်မှုတွေရှိနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို အသေးစိတ်စစ်ဆေးပြီး ငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ လူစည်းကားရာ လမ်းဆုံလမ်းခွနဲ့ မီးပွိုင့်လိုနေရာတွေမှာ အင်အားအများအပြားအသုံးပြုပြီး မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေအပြင် တချို့ကုန်တင်ယာဉ်တွေဆိုရင် လေပေါင်ကအစ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။ ဒါအပြင် မော်တော်ဆိုင်ကယ်တွေကိုလည်း…

မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း အရပ်သား ၁၄၀ ကျော် သတ်ဖြတ်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၄ ပြင်းထန်လာနေတဲ့ စစ်ရေးပဋိပက္ခအောက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မွန်ပြည်နယ်မှာ ၂၀၂၄ တစ်နှစ်အတွင်း သတ်ဖြတ်ခံရသူ ၁၄၄ ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၃၆၀ ကျော် ရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။ သတ်ဖြတ်ခံရသူအများစုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၂၇၀ ကျော်ရှိခဲ့တယ်လို့ ဇန်နဝါရီ ၇…

ကျိုက်ထိုနဲ့ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအ ခြေစိုက် စစ်ကောင်စီတပ်စခန်းက တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်ရာကနေ ကျေးရွာအတွင်း ရှိ ကွက်သစ်ပိုင်းထဲ…

တိုက်ပွဲမရှိဘဲ တနင်္သာရီက ကျေးရွာနှစ်ရွာကို စစ်တပ်ဗုံးကြဲ

တနင်္သာရီ၊ ဇန်နဝါရီ ၁၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာနဲ့သံတိုက်ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ပကဖတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တကူကျေးရွာကို တစ်ကြိမ်၊ မနက် ၉ နာရီခွဲအချိန်လောက်မှာ သံတိုက်ကျေးရွာထဲကို တစ်ကြိမ်၊ လေကြောင်းကနေ ဗုံးကြဲတိုက်…

မြေပြန့်ဒေသနဲ့ ဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ TNLA ဥက္ကဋ္ဌ ပြော

နမ့်ခမ်း၊ ဇန်နဝါရီ ၁၃ ၂၀၂၅ ခုနှစ်အတွင်း မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန် ပိုမိုမြှင့်တင်သွားမှာဖြစ်တာကြောင့် ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်လုန်းက ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး…

အိန္ဒိယမှာ လူသန်းပေါင်းများစွာ မြစ်ရေချိုးကြတဲ့ အကြီးမားဆုံး ဟိန္ဒူဘုရားပွဲ စတင်ကျင်းပ

နယူးဒေလီ၊ ဇန်နဝါရီ ၁၃ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပရာယာဂရေးမြို့မှာ ဇန်နဝါရီ ၁၃ ရက်က လူသားမျိုးနွယ်တို့ရဲ့ အကြီးမားဆုံး စုဝေးမှုအဖြစ် ဖော်ညွှန်းခံထားရတဲ့ ခမ်မီလာ ဟိန္ဒူဘုရားပွဲ စတင်ချိန်မှာ လူသန်းနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။ ၁၂ နှစ်ကို တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီဘုရားပွဲဟာ နောက်ထပ်သီတင်း ခြောက်ပတ် ကြာမြင့်မှာဖြစ်ကာ အိန္ဒိယရဲ့ နာမည်ကျော်မြစ်တွေဖြစ်တဲ့ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်၊…

ICC တရားရုံးကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် လွှတ်တော် မဲခွဲဆုံးဖြတ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ဖမ်းဝရမ်းထုတ်မှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်က မဲခွဲဆုံး ဖြတ်လိုက်ပါတယ်။ တရားရုံးအဖွဲ့ဝင် မဟုတ်တဲ့ အစ္စရေးအပါအဝင် အမေရိကန်နိုင်ငံသားတွေနဲ့ မဟာမိတ် နိုင်ငံသားတွေကို စုံစမ်း စစ်ဆေးမှု၊ ဖမ်းဆီးထိန်းသိမ်းမှုနဲ့…

ဆီဆိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ဆီဆိုင်၊ ဇန်နဝါရီ ၁၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပအိုဝ်းဒေသခံ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေးရွာကို…