2025

စစ်မှုထမ်းတပ်သား နှစ်ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

ဘုတ်ပြင်း၊ ဇန်နဝါရီ ၁၃ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၅၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်း တပ်သားနှစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနတပ်ရင်းက ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးဟာ တပ်သား စန်းထွန်းအောင်၊ တပ်သား အောင်မျိုးကျော်တို့ ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့က…

ကျုံလောင်း စစ်ရှောင်တွေကို မွန်ပြည်သစ် ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးဌာနက စားနပ်ရိက္ခာ ထောက်ပံ့

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသ တိုက်ပွဲအရှိန်ကြောင့် စစ်ရှောင်ခဲ့ရတဲ့ ပြည်သူတွေကို မွန်ပြည်သစ်ပါတီ ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာနက စားနပ်ရိက္ခာ ပို့ဆောင်ထောက်ပံ့ ပေးခဲ့တယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လတ်တလော တိုက်ပွဲပြင်းထန်မှုကြောင့် ကျုံလောင်းရွာအပါအဝင် ကျောက်မိကျောင်းနဲ့ ဝယ်ပေါင်က ဒေသခံတွေဟာ ရေးတောင်ပိုင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာပါ။…

ကျိုက်မရော ရဲစခန်း နှစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ခြောက်ဦး သေဆုံး

ကျိုက်မ‌ရော ၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ဒရုန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူထားတဲ့ ကျိုက်မရောမြို့နယ်ရှိ ကဒါကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ…

အရပ်သားတွေကို ပိုမိုပစ်မှတ်ထားလာတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု

မော်လမြိုင် ၊ ဇန်နဝါရီ ၁၂ စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ရေးတိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေနဲ့အတူ စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတာကြောင့် အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆိုးရွားစွာ ဦးတည်လာနေပါတယ်။ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ လေ့လာတွေ့ရှိချက်တွေအရ လေကြောင်းတိုက်ခိုက်မှု မှာ ပြည်သူအအများအပြားစုဝေးတဲ့ ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျောင်းတွေကိုပါ တိုက်ခိုက်နေတာပါ။ ၂၀၂၁…

ကလေးလုပ်သား ပပျောက်ရမယ်လို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ကြွေးကြော်

မော်လမြိုင် ၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ်မှာ ကလေးအလုပ်သမား ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ပြုလုပ်တဲ့ ပြည် နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အစည်းအဝေးအတွင်း ကြွေးကြော်ခဲ့တာပါ။ နိုင်ငံအနေနဲ့ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဒုတိယ ၅ နှစ်တာ လုပ်ငန်းစီမံချက်ကို ၂၀၂၄…

တနင်္သာရီစစ်ရှောင် ၁၄၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

တနင်္သာရီ၊ ဇန်နဝါရီ ၁၂ နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ကျေးရွာက စစ်ဘေးရှောင် ၁၄၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ တွဲလက်ညီညီစစ်ဘေးရှောင် ကူညီရေးအဖွဲ့ ထံက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တနင်္သာရီမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျေးရွာတွေမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေ…

ရေးမြို့နယ် ကျုံလောင်းဒေသကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ရေး၊ ဇန်နဝါရီ ၁၂ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ပေါင် ၅၀၀ ဗုံးတွေလည်း လာရောက်ကြဲချနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ သိရပါတယ်။ အင်အား ရာနဲ့ချီ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ကျုံလောင်းဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း…

နှုတ်ပိတ်ခ ပေးတဲ့အမှုအတွက် ထရန့်ကို ခြွင်းချက်မရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေး

နယူးယောက်၊ ဇန်နဝါရီ ၁၁ အပြာရုပ်ရှင် အမျိုးသမီးသရုပ်ဆောင် တစ်ဦးကို နှုတ်ပိတ်ခငွေ ပေးခဲ့တဲ့ အမှုအတွက် အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်အနေနဲ့ ထောင်ဒဏ် ဒါမှမဟုတ် တခြား ပြစ်ဒဏ်ပေးမှု တစ်စုံတစ်ရာ ချမှတ်ခံရမှာ မဟုတ်ဘူးလို့ တရားသူကြီး တစ်ဦးက ဇန်နဝါရီ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ တရားသူကြီး ဟွန် မားချန့်က…

ရုရှား ရေနံလုပ်ငန်းကို အမေရိကန်နဲ့ ဗြိတိန် ပြင်းထန်တဲ့ အရေးယူမှု ချမှတ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲအား လောင်စာ ထည့်ပေးသလို ဖြစ်နေတဲ့ မော်စကိုရဲ့ စွမ်းအင်ဝင်ငွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်အဖြစ် အမေရိကန်အစိုးရက ရုရှားအပေါ် အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။ အဲဒီ အရေးယူမှုတွေထဲမှာ ကုန်သည်တွေနဲ့ အရာရှိတွေကနေ အာမခံ လုပ်ငန်းတွေအထိ အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းပေါင်း ၂၀၀ ကျော်အပြင်…

ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရလို့ နေအိမ် ၄၀၀ နီးပါး မီးလောင်ပြာကျ

ရမ်းဗြဲ၊ ဇန်နဝါရီ ၁၁ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၂၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ…