2025

ကော့သောင်းမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းမပေးရင် ပေါ်တာဆွဲမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ကော့သောင်း၊ ဇန်နဝါရီ ၁၅ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ရပ်ကွက်အလိုက် စစ်မှုထမ်းပေးဖို့နဲ့ ပျက်ကွက်ပါက ပေါ်တာဝင်ဆွဲမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် တစ်ရပ်ကွက်လျှင် အမျိုးသားနှစ်ဦးကနေ ငါးဦးအထိ စစ်မှုထမ်းပေးဖို့ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ညွှန်ကြားလာတာပါ။ အဲဒီထဲမှာ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုမှာတော့ စစ်မှုထမ်းအတွက် အမျိုးသား…

ကရင်ဝန်ကြီးချုပ်နဲ့ စကားများရန်ဖြစ်မှုကြောင့် ဒုတိုင်းမှူးရှေ့တန်းအပို့ခံရ

ဘားအံ၊ ဇန်နဝါရီ ၁၅ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးနဲ့ စကားများရန်ဖြစ်ပြီးတဲ့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို ရှေ့တန်းစစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့က စကခ ၁၂ ဌာနချုပ်သို့ ပြောင်းရွှေ့ခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကနေ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ဘားအံမြို့ ဂေါက်ကွင်းထဲမှာ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းအောင်တို့…

ပွင့်ဖြူမြို့နယ်မှာ လူငယ် ၂၀ ခန့် ပေါ်တာဆွဲခံရ

မကွေး ဇန်နဝါရီ ၁၄ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တစ်ရက်တည်း လူငယ် ၂၀ ဝန်းကျင် ပေါ်တာဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၄ ရက် တစ်ရက်တည်း ဘိုကုန်းရွာနဲ့ ထန်းတောစုရွာက လူဦးရေ ၂၀ ဝန်းကျင်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ။ “ဆိုင်ကယ်တွေရော၊ လူတွေကောဆွဲသွားတာ။ သင်တန်းပို့ဖို့ဆိုခြောက်ရက်လောက်တော့ အချိန်ရသေးတယ်။ ဒီကြားထဲ…

နိုင်ကျဉ်းတွေရဲ့ လွတ်ငြိမ်းသက်သာခွင့်အခြေအနေ ဘာထူးလဲ။

“တော်လှန်ရေးအောင်ပွဲတွေက စစ်ကောင်စီအတွက်ရော အကျဉ်းဉီးစီးဌာနအတွက်ရော များစွာ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် တော်လှန်ရေးကို ပိုပြီးအာရုံစိုက်ပြီးမှ စုစည်းညီညွတ်စွာ လုပ်ဆောင်ပေးကြဖို့ ကျွန်တော်တို့အဖွဲ့က တိုက်တွန်းချင်ပါတယ်” – ကိုသိုက်ထွန်းဦး (PPNM) ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ကြောင့် အကျဉ်းထောင်အသီးအသီးကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က ၃၄၄…

စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ အမှု စတင်စစ်ဆေး

ဆိုးလ်၊ ဇန်နဝါရီ ၁၄ မအောင်မြင်ဖြစ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို တာဝန်ကနေ ရပ်ဆိုင်း၊ မဆိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်ဖို့ စီစဉ်နေချိန် သူ့အပေါ် စွပ်စွဲ ပြစ်တင်ထားတဲ့ အမှုကို ဇန်နဝါရီ ၁၄ ရက်မှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကြားနာ စစ်ဆေးမှု ၅ ခုထဲက…

ကြွယ်ဝချမ်းသာမှု ဖုံးကွယ်မှု စွပ်စွဲချက် ထိုင်းဝန်ကြီးချုပ် ပယ်ချ

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ပိုင်ဆိုင်မှုနဲ့ ပေးဖို့ရှိတဲ့ အကြွေးပမာဏ ကြေညာရာမှာ ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်ထားဖို့ အကြွေး ဘတ် ၄ ဘီလီယံကို ထည့်သွင်း ဖော်ပြထားတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာဟာက ပယ်ချလိုက်ပါတယ်။ မိသားစု ချေးငွေအဖြစ် ကြေညာထားတယ်ဆိုတဲ့ အဲဒီကြွေးမြီနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို တုံ့ပြန်ရာမှာ ဝန်ကြီးချုပ်က အခုလိုမျိုးငြင်းဆိုခဲ့တာ…

ရေးအခြေစိုက် ခလရ ၅၈၃ တပ် တိုက်ခိုက်ခံရ

ရေး၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၈၃ ခြေလျင်တပ်ရင်းကို မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။ ခလရ ၅၈၃ တပ်ဝင်းထဲက လက်နက်ကြီးတွေ အထိုင်ချထားတဲ့ နေရာတဝိုက်ကို ဒရုန်းနဲ့ ဗုံးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့…

နှစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး အလင်းဝင်

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ အခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေကို ဆက်သွယ်အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး ရှိတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာသလို မကွေးတိုင်း ဆောမြို့မရဲစခန်းက…

မုဒုံ-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

မုဒုံ၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းနဲ့ကွမ်လှာကျေးရွာကြား မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သတင်းထုတ်ပြန်ပါတယ်။ မုဒုံမြို့နယ်ကနေ သံဖြူဇရပ်မြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းကို မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သတင်းအရ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…

မြို့သစ်ရွာကို မီးရှို့တာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ယင်းမာပင်မြို့တွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြို့သစ်ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာ မရှိဘူး”ဆိုပြီး စစ်ကောင်စီတပ် သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့…