2025

အီးယူက ယူကရိန်းကို ယူရို ဘီလီယံ ၉၀ ထုတ်ချေးဖို့ သဘောတူ

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၉ သိမ်းယူထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေ အသုံးပြုရေး ဥရောပသမဂ္ဂ(အီးယူ)ခေါင်းဆောင်တွေကြား သဘောတူညီမှု မရယူနိုင် ဖြစ်ခဲ့ပေမယ့် ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ထုတ်ချေးပေးရေး သဘောတူညီခဲ့ကြပါတယ်။ ဒီလို ကူညီပေးမှုကြောင့် မိမိတို့ရဲ့ ဒူပေတာပေ ခံနိုင်မှုကို ပိုမို အားကောင်းလာစေမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ ဒါပေမဲ့…

စစ်တပ်ဟာ လူမဆန်တဲ့ စစ်ဆင်ရေးနည်းလမ်းတွေ သုံးနေတယ်လို့ KNU ဥက္ကဋ္ဌ ပြော

ဘားအံ၊ ဒီဇင်ဘာ ၁၉ အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးတော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် လူမဆန်တဲ့၊ စစ်စည်းကမ်းဥပဒေနဲ့ မညီတဲ့ စစ်ဆင်ရေးနည်းလမ်းတွေ သုံးနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဒီကနေ့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက…

ဘီးလင်းမှာ စစ်တပ်ရွေးကောက်ပွဲ မဲမပေးဖို့ လှုံ့ဆော်

ဘီးလင်း၊ ဒီဇင်ဘာ ၁၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းနဲ့ ပြည်သူတွေ မဲမပေးဖို့ လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်းက ဘီးလင်းကနေ တောင်စွန်းအထိ လမ်းဆုံလမ်းဂွရှိ ကျေးရွာ၊ ရပ်ကွက်ဆိုင်းဘုတ်တွေနဲ့ ဓာတ်မီးတိုင်တွေမှာ စစ်တပ် ရွေးကောက်ပွဲ…

မြန်မာနဲ့ ရိုဟင်ဂျာ လူသားချင်းစာနာရေး ပြဿနာအတွက် အီးယူက ယူရို ၂၉ သန်း ခွဲဝေသတ်မှတ်

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၉ ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ချ်နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေရှိ လူမှုအသိုင်းအဝိုင်းတွေအတွက် ဖွံ့ဖြိုးရေး အကူအညီ ယူရို ၁၄ သန်း၊ မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ထိခိုက်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းရေး လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် ထပ်တိုး ယူရို…

TikTok လုပ်ငန်းခွဲကို အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းလုပ်ငန်းသို့ ရောင်းချရေး သဘောတူ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ TikTok ရဲ့ တရုတ်ပိုင်ရှင် ByteDance ကုမ္ပဏီက အမေရိကန် အစိုးရရဲ့ တားမြစ်မှုကို ရှောင်ရှားရေး သူတို့ရဲ့ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချရေး အဓိက ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ သုံးခုနဲ့ ဥပဒေအရ ချည်နှောင်မှု ရှိတဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း…

စစ်အာဏာသိမ်း (၁၇၈၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၉ AAPP ရဲ့ ဒီဇင်ဘာ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၂) ရက်အတွင်း ပြည်သူ (၇၆၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၅၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ရွေးကောက်ပွဲနဲ့အပြိုင် ရေးမြို့နယ်မှာ လုံခြုံရေးစိုးရိမ်ရမယ့် အခြေအနေရှိနေ

ရေး ၊ ဒီဇင်ဘာ ၁၉ မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာကြောင့် လုံခြုံရေးစိုးရိမ်ရမယ့် အခြေအနေရှိနေတယ်လို့ ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာန RICE က သုံးသပ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ RICE ရဲ့ အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်အရ စစ်ရေးကဏ္ဍမှာ ရေးမြို့နယ်နဲ့ပတ်သက်တဲ့ စစ်ရေးဖြစ်စဉ်တွေနဲ့ ဖြစ်တန်ခြေ အလားအလာတွေကို…

ပြည်တွင်းရွှေဈေးနှုန်း သိန်း ၉၀ ကျော်ပြီ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၉ ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၉၀ ကျော်အထိ စံချိန်တင် မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာပထမပတ်အတွင်းက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈၇ သိန်းဝန်းကျင်သာ ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ကျပ်သိန်း ၉၀…

KNLA ဖမ်းဆီးထားတဲ့ NUG ဗျုဟာမှူးနဲ့အဖွဲ့ ပြန်လွှတ်ဖို့ နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေပြီလို့ ဆို

သရက်ချောင်း၊ ဒီဇင်ဘာ ၁၉ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဖမ်းဆီးထားတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ နီးပါး ပြန်လွှတ်ဖို့ နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေပြီလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေး ရွာကို ပုံမှန်အလုပ်ကိစ္စ…

လူထုထောက်ခံမှု လျော့ကျနေချိန် အိမ်ဖြူတော် မိန့်ခွန်းထဲ ထရန့်က အောင်ပွဲတွေ အကြောင်း အလေးထား ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းမှာ အိမ်ဖြူတော်ကနေ ရှားရှားပါးပါး ပြောဆိုခဲ့တဲ့ မိန့်ခွန်း အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ အောင်မြင်အောင် စွမ်းဆောင်ထားနိုင်မှုတွေကို ကြွားဝါ ပြောဆိုပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေမှုအတွက် အရင် ဒီမိုကရက် သမ္မတ ဂျိုးဘိုင်ဒန်ကို အပြစ်တင် ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ရီပက်ဘလေကန်ပါတီအနေနဲ့…