ဘီးလင်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်နေရ
ဘီးလင်း၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစလို့ အလူးလေးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။…
