December 19, 2025

စစ်အာဏာသိမ်း (၁၇၈၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၂၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၀ AAPP ရဲ့ ဒီဇင်ဘာ၁၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၃) ရက်အတွင်း ပြည်သူ (၇၆၂၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၉၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ ကျရှုံးနိုင်ငံအဖြစ် တွန်းပို့ရာ ရောက်နေပြီလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၀ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုအတွင်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ကဏ္ဍပေါင်းစုံ ပျက်စီးယိုယွင်းနေတဲ့ မြန်မာနိုင်ငံမှာ တစ်ဆထက်တစ်ဆ တောက်လောင်လာနေတဲ့ ပြည်တွင်းစစ်မီးကလည်း မငြှိမ်းသတ်နိုင်သေးပါဘူး။ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က မကြာခင်မှာ အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေပါပြီ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲနီးလာချိန် အစစ်ဆေးအဖမ်းဆီးပိုကြမ်းလာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၀ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ အစစ်ဆေးအဖမ်းဆီး ပိုကြမ်းလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန် မြို့ဝင်မြို့ထွက်နဲ့ လူစည်ကားရာ နေရာတွေ၊ လမ်းဆုံလမ်းခွတွေ၊ မထင်မှတ်တဲ့ နေရာတွေအပြင် မြို့ပတ်ပြီး နေရာအစုံမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်လာတာပါ။ အဲဒီလို…

KNLA ဖမ်းဆီးခဲ့တဲ့ NUG ဗျူဟာမှူးအပါအဝင် ရဲဘော်အားလုံး ပြန်လွတ်လာ

သရက်ချောင်း၊ ဒီဇင်ဘာ ၂၀ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဖမ်းဆီးခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူးအပါအဝင် ရဲဘော်အားလုံး ပြန်လွတ်လာပြီလို့ ဗျူဟာမှူး စောဒါးကိုက သူရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊…

ဘင်္ဂလားဒေ့ချ်မှာ ဆန္ဒပြ လူငယ်ခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ပြန်ဖြစ်နေ

ဒါကာ၊ ဒီဇင်ဘာ ၁၉ ၂၀၂၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာ အစိုးရကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှု အတွင်း အထင်ကာရ လူငယ်ခေါင်းဆောင် ရှရစ်ဖ် အော်စမန် ဟာဒီ သေဆုံးသွားပြီးနောက် ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ သူဟာ မြို့တော် ဒါကာမှာ ဗလီတစ်ခုကနေ ဝတ်ပြုပြီး ထွက်လာချိန် မျက်နှာဖုံးစွပ်…

အီးယူက ယူကရိန်းကို ယူရို ဘီလီယံ ၉၀ ထုတ်ချေးဖို့ သဘောတူ

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၉ သိမ်းယူထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေ အသုံးပြုရေး ဥရောပသမဂ္ဂ(အီးယူ)ခေါင်းဆောင်တွေကြား သဘောတူညီမှု မရယူနိုင် ဖြစ်ခဲ့ပေမယ့် ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ထုတ်ချေးပေးရေး သဘောတူညီခဲ့ကြပါတယ်။ ဒီလို ကူညီပေးမှုကြောင့် မိမိတို့ရဲ့ ဒူပေတာပေ ခံနိုင်မှုကို ပိုမို အားကောင်းလာစေမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ ဒါပေမဲ့…

စစ်တပ်ဟာ လူမဆန်တဲ့ စစ်ဆင်ရေးနည်းလမ်းတွေ သုံးနေတယ်လို့ KNU ဥက္ကဋ္ဌ ပြော

ဘားအံ၊ ဒီဇင်ဘာ ၁၉ အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးတော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် လူမဆန်တဲ့၊ စစ်စည်းကမ်းဥပဒေနဲ့ မညီတဲ့ စစ်ဆင်ရေးနည်းလမ်းတွေ သုံးနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဒီကနေ့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက…

ဘီးလင်းမှာ စစ်တပ်ရွေးကောက်ပွဲ မဲမပေးဖို့ လှုံ့ဆော်

ဘီးလင်း၊ ဒီဇင်ဘာ ၁၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းနဲ့ ပြည်သူတွေ မဲမပေးဖို့ လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်းက ဘီးလင်းကနေ တောင်စွန်းအထိ လမ်းဆုံလမ်းဂွရှိ ကျေးရွာ၊ ရပ်ကွက်ဆိုင်းဘုတ်တွေနဲ့ ဓာတ်မီးတိုင်တွေမှာ စစ်တပ် ရွေးကောက်ပွဲ…

မြန်မာနဲ့ ရိုဟင်ဂျာ လူသားချင်းစာနာရေး ပြဿနာအတွက် အီးယူက ယူရို ၂၉ သန်း ခွဲဝေသတ်မှတ်

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၉ ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ချ်နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေရှိ လူမှုအသိုင်းအဝိုင်းတွေအတွက် ဖွံ့ဖြိုးရေး အကူအညီ ယူရို ၁၄ သန်း၊ မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ထိခိုက်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းရေး လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် ထပ်တိုး ယူရို…

TikTok လုပ်ငန်းခွဲကို အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းလုပ်ငန်းသို့ ရောင်းချရေး သဘောတူ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ TikTok ရဲ့ တရုတ်ပိုင်ရှင် ByteDance ကုမ္ပဏီက အမေရိကန် အစိုးရရဲ့ တားမြစ်မှုကို ရှောင်ရှားရေး သူတို့ရဲ့ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချရေး အဓိက ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ သုံးခုနဲ့ ဥပဒေအရ ချည်နှောင်မှု ရှိတဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း…