November 2025

ရုရှား အန္တရာယ်ကြောင့် ဆန္ဒအလျောက် စစ်မှုထမ်းဥပဒေ ပြင်သစ် ပြန်လည် ပြဌာန်းမယ်

ပါရီ၊ နိုဝင်ဘာ ၂၆ ပြင်သစ်နိုင်ငံမှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက် ဆယ်စုနှစ် ၃ စုလောက်မှာ ပိုမိုကြီးထွားလာနေတဲ့ ရုရှားအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် သမ္မတ အမ်မန်နျူရယ် မက်ကရွမ်က ဆန္ဒအလျောက် စစ်မှုထမ်းရမယ့် ဥပဒေကို ပြန်လည် ပြဌာန်းရေး အခုသီတင်းပတ်အတွင်း ကြေညာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ပြင်သစ် အရှေ့တောင်ပိုင်းရှိ ခြေမြန်တပ်မ တစ်ခုသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း…

ခွေးရူးပြန်ရောဂါ ကာကွယ်ရေး ဂျကာတာမှာ ကြောင်သား၊ခွေးသား ရောင်းချမှုနဲ့ စားသုံးမှု တားမြစ်

ဂျကာတာ၊ နိုဝင်ဘာ ၂၆ ခွေးရူးပြန်ရောဂါ ပျံ့နှံ့မှု တားဆီးရေး အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ခွေးသား ၊ကြောင်သားနဲ့လင်းနို့သား ရောင်းချမှု၊စားသုံးမှုကို တားမြစ်လိုက်ကြောင်း မြို့တော် အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာလိုက်တာကြောင့် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ ရရှိခဲ့ပါတယ်။ ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်တွေကို အစားအစာအဖြစ် ရောင်းချမှုကို…

စစ်အာဏာသိမ်း (၁၇၅၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၆ AAPP ရဲ့ နိုဝင်ဘာ ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၅၉) ရက်အတွင်း ပြည်သူ (၇၄၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကော်မရှင်အပေါ် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှု အလုပ်မဖြစ်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၆ စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရပေမယ့် စစ်ကော်မရှင်အပေါ် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေဟာ မထိရောက်သေးဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါကြောင့် စစ်ကော်မရှင်ဟာ အာဏာသိမ်းမှု တရားဝင်ဖြစ်ရေး မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ရုရှား၊အိန္ဒိယနဲ့ ဘယ်လာရုစ်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့အတူ ဒီနှစ်ကုန်ပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့အထိ ဖြစ်လာတာပါ။…

မော်လမြိုင် တောင်ဖြိုချမှု ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် စစ်ကော်မရှင် ဂရုမစိုက်ဘဲ ဆက်ဖြိုနေ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ် ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ပြည်နယ်စစ်ကော်မရှင်ကတော့ ဆက်လက် ဖြိုချခွင့်ပြုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကော်မရှင်ဟာ တောင်ဝိုင်းတောင်ကို ဖြိုချပြီး ရရှိလာတဲ့ မြေသားနဲ့ ကျောက်တွေကို သူတို့ ဖော်ဆောင်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းနဲ့…

ထိုင်းဘက်ခြမ်းက ပြန်လွှတ်နေလို့ မောတောင်စစ်ရှောင်တွေ စိုးရိမ်စိတ်နဲ့ နေရပ်ပြန်နေရ

တနင်္သာရီ၊ နိုဝင်ဘာ ၂၆ တနင်္သာရီတိုင်း မောတောင်မြို့သိမ်း တိုက်ပွဲကြောင့် ထိုင်နိုင်ငံနယ်စပ်အနားထိ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ ထိုင်းဘက်ခြမ်းက ပြန်လွှတ်နေတာကြောင့် စိုးရိမ်စိတ်တွေနဲ့နေရပ်ပြန်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့လောက်စပြီး မောတောင်နယ်စပ်ဂိတ် ထိုင်းအာဏာပိုင်တွေဘက်က ထိုင်းဘက်ခြမ်းရောက်ရှိနေတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ လာရောက်ပြောဆိုတာတွေ ရှိနေတာကြောင့် တချို့စစ်ရှောင်တွေက မနေရဲကြဘဲ နယ်မြေမတည်ငြိမ်သေးတဲ့ မြို့ထဲ ပြန်ဝင်နေရတာပါ။…

တရုတ်နဲ့ အငြင်းပွားနေချိန် ဂျပန် ဝန်ကြီးချုပ်နဲ့ ထရန့် ဆွေးနွေး

တိုကျို၊ နိုဝင်ဘာ ၂၅ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ ပြောဆိုမှုတွေကြောင့် ဘေဂျင်းနဲ့ ကြီးကြီးမားမား သံတမန်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အဖြစ် နိုဝင်ဘာ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဖုန်းနဲ့ ဆက်သွယ်ပြီး တရုတ် ဆက်ဆံရေး အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို…

အမေရိကန် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ် ပယ်ချ

ကိုင်ရို၊ နိုဝင်ဘာ ၂၅ အမေရိကန် ဦးဆောင်တဲ့ ကြားဝင်ညှိနှိုင်းပေးသူတွေ တင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ်က ပယ်ချလိုက်တာကြောင့် ဆိုးရွားလှတဲ့ လ ၃၀ ကျော်ကြာ စစ်ပွဲ အဆုံးသတ်စေရေး ကြိုးပမ်းမှုတွေအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ ဆူဒန်စစ်တပ်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်ချက်တွေမှာ ဗိုလ်ချုပ် အဒဲလ် ဖာတာ ဘာဟန်က…

ရေဖြူတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထပ်မံစစ်ရှောင်နေရ

ရေဖြူ၊ နိုဝင်ဘာ ၂၅ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီလောက်က ရာဖူးကျေးရွာ ဘုရားကုန်းမှာ အင်အား ၁၀၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက…

ဘီးလင်းမှာ ညပိုင်းဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာ

ဘီးလင်း၊ နိုဝင်ဘာ ၂၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုလကစလို့ ညပိုင်းသွားလာသူတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ စစ်ကော်မရှင်တပ်၊ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ည ၈ နာရီနောက်ပိုင်း သွားလာသူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးငွေညှစ်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ညပိုင်းသွားလာသူတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး တစ်ဦးလျှင်…