သရက်ချောင်းမှာ စစ်တပ်စစ်ကြောင်းက နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီး
သရက်ချောင်း၊ နိုဝင်ဘာ ၂၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က မင်းဒပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ အရပ်သားနေအိမ်…
