ကော့ကရိတ်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ
ကော့ကရိတ်၊ နိုဝင်ဘာ ၁ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန် ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းရှိ အောက်ဘိုတဲဘက်ကို ဦးတည်စစ် ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား မြပတိုင်၊ ထီဖိုးစံကျေးနယ်တဝိုက်မှာ အောက်တိုဘာလ ဒုတိယအပတ်ကစပြီး တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ…
