November 2025

ရေးမှာ စစ်တပ်က အင်အား ၅၀၀ ကျော် ထပ်မံဖြည့်တင်းထား

ရေး၊ နိုဝင်ဘာ ၂ မွန်ပြည်နယ် ရေးမြို့နယ်မှာ ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ကော်မရှင်တပ်က အင်အား ၅၀၀ ကျော် ထပ်မံဖြည့်တင်းထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း စစ်သင်္ဘောတွေနဲ့ ဇီးဖြူသောင်ကျေးရွာ ပန်ဒါဆိပ်ကမ်းကို အသုံးပြုပြီး ရေလမ်းကနေ စစ်အင်အားဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၅…

ရုရှား အသုံးပြုနေတဲ့ ဒုံးကျည် အမျိုးအစားကြောင့် နျူသဘောတူညီမှုက ထရန့် နုတ်ထွက်ခဲ့တာလို့ ယူကရိန်း ပြော

လန်ဒန်၊ နိုဝင်ဘာ ၁ ရုရှားက လျှို့ဝှက် ထုတ်လုပ်ထားတဲ့ ခရု့ဇ်ဒုံးကျည်နဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့တာကြောင့် ဒေါ်နယ် ထရန့်က မော်စကိုနဲ့ချုပ်ဆိုထားတဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုကနေ သူ့ရဲ့ အမေရိကန်သမ္မတ ပထမသက်တမ်းအတွင်း နုတ်ထွက်ဖို့ ဖြစ်စေခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ရုရှားက မြေပြင်က ပစ်လွှတ်ရတဲ့ 9M729 ဒုံးကျည်တွေကို ယူကရိန်းနဲ့…

အခွန်ဆန့်ကျင်ရေး ကြော်ငြာနဲ့ ပတ်သက်လို့ ထရန့်ကို တောင်းပန်ပြီးပြီလို့ ကနေဒါ ဝန်ကြီးချုပ် ပြော

ဂျီယွန်ဂျူး၊ နိုဝင်ဘာ ၁ အခွန်ဆန့်ကျင်ရေး နိုင်ငံရေး ကြော်ငြာနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို တောင်းပန်ထားပြီး ဖြစ်ကြောင်းနဲ့ အဲဒီ ကြော်ငြာကို မပြသဖို့ အွန်တာရီယို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဖို့ဒ်ကို ပြောထားပြီး ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် မက် ကာနေက နိုဝင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားမှာ အာရှ-ပစိဖိတ်…

ရေးမှာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရပြီးသေဆုံး

ရေး၊ နိုဝင်ဘာ ၁ မွန်ုပြည်နယ် ရေးမြို့နယ် အနင်းကျေးရွာနဲ့နှစ်ကရင်ကျေးရွာကြား လမ်းပေါ်မှာ ရော်ဘာခြံကနေ ပြန် လာတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က နှစ်ကရင်ကျေးရွာကနေ အနင်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့တစ်ဦးတည်းပြန်လာတဲ့ အနင်းရွာခံ အသက် ၅၀ ကျော်အရွယ်…

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်တိုး

နေပြည်တော် ၊ နိုဝင်ဘာ ၁ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် တိုင်းနဲ့ ပြည်နယ် ကိုးခုက ၆၃ မြို့နယ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေအဖြစ် ထပ်တိုးကြေညာပါတယ်။ နိုင်ငံ့အာဏာသုံးရပ်စလုံးကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အမိန့်ကို ဆက်လက်အတည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့မှာ…

ရခိုင်မှာ စစ်တပ် ဆက်တိုက်ဗုံးကြဲနေလို့ AA အထူးသတိပေးချက် ထုတ်ပြန်

စစ်တွေ၊ နိုဝင်ဘာ ၁ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အရင်ထက် ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် AA က အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းမှာ အထူးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်စဲမှု သဘောတူညီမှုတွေ ရရှိထားတဲ့ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းက အပြစ်မဲ့အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ…

TikTok ပိုင်ဆိုင်မှု လွှဲပြောင်းရေး တရုတ်က သဘောတူ ခွင့်ပြုထားတယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၁ TikTok ပိုင်ဆိုင်မှုကို လွှဲပြောင်းရေး သဘောတူညီမှုကို တရုတ်က သဘောတူ ခွင့်ပြုထားပြီ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်က ပြောကြားပြီး လာမယ့် သီတင်းပတ်ပိုင်းအတွင်း လပိုင်းအတွင်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ် ဆိုပေမယ့် အသေးစိတ်ကို ပြောမထားပါဘူး။ TikTok ကို အမေရိကန်ကုမ္ပဏီ တစ်ခုခုသို့ ရောင်းချရေးနဲ့ ပတ်သက်လို့…

အစိုးရဌာနများ ပိတ်ထားရမှု ဒုတိယလထဲ ဝင်ရောက်လာချိန် အမေရိကန်နိုင်ငံသားအများအပြား ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရ

ဝါရှင်တန်၊ နိုဝင်ဘာ ၁ အမေရိကန်အစိုးရဌာနများ ပိတ်ထားရမှု အောက်တိုဘာ ၃၁ ရက်မှာ ဒုတိယလထဲ ဝင်ရောက်လာချိန် အစိုးရလုပ်သားတွေမှာ သုံးစရာ ငွေမရှိ၊ စားနပ်ရိက္ခာ အကူအညီပေးမှုကလည်း မသေချာဖြစ်နေချိန်မှာ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာဟာ ပါတီနှစ်ရပ်ကြား အပြန်အလှန် တိုက်ခိုက်နေမှုကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ အောက်တိုဘာ ၁ ရက်က စတင်ပြီး အမေရိကန်အစိုးရဌာနများ ပိတ်ထားရမှုအတွက် ပါတီနှစ်ရပ်…

စစ်အာဏာသိမ်း (၁၇၃၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၂၇) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁ AAPP ရဲ့ အောက်တိုဘာ၃၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၃၄) ရက်အတွင်း ပြည်သူ (၇၄၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၉၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူတွေ ကိုယ့်မြင်းကိုယ်စိုင်းနေပြီလား

နေပြည်တော် ၊ နိုဝင်ဘာ ၁ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလို့ စစ်ကော်မရှင်က အမြဲတစေ ဟစ်ကြွေးနေပေမယ့် ဒီမိုကရေစီစံနှုန်းအရ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့်တွေကိုတော့ ပြဌာန်းထားတဲ့ ဥပ ဒေနဲ့ ပိတ်ပင်မှုတွေ လုပ်လာနေပါတယ်။ လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ထုတ်လွှင့်ခဲ့တဲ့ အသိပညာပေးဇာတ်လမ်းနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားသူတချို့ကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့ပါတယ်။…