November 2025

ထိုင်းတောင်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၃ ဦး သေဆုံး

ဟတ်ယိုင်၊ နိုဝင်ဘာ ၂၇ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာချိန်မှာ အာဏာပိုင်တွေက နာမကျန်း ဖြစ်နေသူတွေကို လေကြောင်းနဲ့ ကယ်ထုတ်ပြီး အောက်စီဂျင်ဗူးတွေ အပါအဝင် အရေးကြီးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၉ ခုနဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံရဲ့…

စစ်အာဏာသိမ်း (၁၇၆၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၇ AAPP ရဲ့ နိုဝင်ဘာ ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၆၀) ရက်အတွင်း ပြည်သူ (၇၄၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၂၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ် စစ်ကော်မရှင်က ပြည်တွင်းပြည်ပ ခရီးသွားတွေကို အဆင့်မီစွာ ဝန်ဆောင်မှုပေးဖို့ ညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ ၂၇ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ပြည်တွင်းခရီးသွားတွေကို စစ်ဆေးမှု တင်းကျပ်နေတဲ့ ပြည်နယ်စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်တွင်းပြည်ပ ခရီးသွားတွေကို အဆင့်မီစွာ ဝန်ဆောင်မှု ပေးဖို့ ညွှန်ကြားလာပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဝန်ကြီးချုပ်က…

ကျားဖြန့်နှိမ်နင်းရေး မဟာမိတ်အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းမယ်လို့ မွန်ပြည်သစ်ပါတီ AD ကြေညာ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၇ မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ဖြစ်ပွားနေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်မှုလုပ်ငန်း တိုက်ဖျက်ရေး မဟာမိတ်အင်အားစုတွေအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်သစ်ပါတီ AD က မြန်မာနိုင်ငံကို ဒေသတွင်းဆိုက်ဘာရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရဲ့ ဗဟိုချက်မ မဖြစ်ပေါ်စေရေး…

ဘားအံနဲ့သရက်ချောင်းမှာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဒေသခံ ၂ ဦး အမှုဖွင့်ခံရ

မော်လမြိုင်၊ နိုဝင်ဘာလ ၂၇ ကရင်ပြည်နယ် ဘားအံမြို့နဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နေ ဒေသခံ ၂ ဦး ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ သီရိလမ်း၊ ကမော့ကစင်ရွာသစ်ဘုန်းကြီးကျောင်းမုခ်ဦးအနီးမှာ စိုက်ထူထားတဲ့ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ကို ဆုတ်ဖြဲတယ်ဆိုပြီး…

မြန်မာ့ ရွေးကောက်ပွဲ လွတ်လပ်မှုနဲ့ ယုံကြည်စိတ်ချရမှု မရှိဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပြော

ဘန်ကောက်၊ နိုဝင်ဘာ ၂၆ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလက စတင်ပြီး စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု ဒါမှမဟုတ်ယုံကြည်စိတ်ချရမှု ရှိမှာ မဟုတ်ဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပြီး ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်ရဲ့ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ထုတ်ပယ်ပြီး ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တာကြောင့်…

တရုတ်ရန် ကာကွယ်ရေး ထိုင်ဝမ်က ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၀ ဘီလီယံ ထပ်မံ တိုးမြှင့်မယ်

တိုင်ပေ၊ နိုဝင်ဘာ ၂၆ တရုတ်ရဲ့ ပိုများလာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရေး ထပ်တိုးဘက်ဂျက် ဒေါ်လာ ၄၀ ဘီလီယံ သုံးစွဲဖို့ စီစဉ်နေကြောင်း ထိုင်ဝမ် သမ္မတ လိုင်ချင်းတီက နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်ကို သူတို့ကိုယ်ပိုင် နယ်မြေ တစ်ခုအနေနဲ့ ရှုမြင်ထားတဲ့ တရုတ်က သူတို့ အပိုင်…

ကျောက်မဲမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက် ပြင်းထန်ဒဏ်ရာရ

ကျောက်မဲ နိုဝင်ဘာ ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီ ပြန်လည်စိုးမိုးထိန်းချုပ််ထားတဲ့ ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ခိုရောင်းရွာမှာ တောင်ယာသွားတဲ့ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ရိုး နှစ်ဖက်လုံးကျိုးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ၁၀ နာရီအချိန် ကျောက်မဲမြို့နယ် ခိုရောင်းရွာခံ အသက် ၃၈ နှစ်အရွယ် ဦးအောင်ပန်းဟာ စပါးခင်းကြည့်ဖို့…

စစ်ခေါင်းဆောင် အပါအဝင် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့သူတွေကို အကြမ်းဖက်သမားအဖြစ် NUG ကြေညာ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၆ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခဲ့မှုမှာ ပါဝင်သူတွေကို နိုင်ငံတော်ပုန်ကုန်မှု ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတ်မှတ်ကြေညာပါတယ်။ NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး…

ကျားဖြန့်နှိမ်နှင်းရေးမှာ လေးနက်မြန်ဆန်စွာ ပူးပေါင်းပေးဖို့ နိုင်ငံတကာကို KNU တိုက်တွန်း

မြဝတီ နိုဝင်ဘာ ၂၆ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် DKBA ရဲ့ အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ)ဒေသရှိ နိုင်ငံတကာရာဇဝတ်မှုနဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ရေး နိုင်ငံတကာက လေးနက်မြန်ဆန်စွာ ပူးပေါင်းပါဝင်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာ ၂၅ ရက်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က မြ၀တီမြို့တောင်ဘက်…