November 2025

ရွေးကောက်ပွဲပါဝင်သူတွေကို အရေးယူမှု စတင်တော့မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၂၈ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြဌာန်းထားတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေနဲ့ စတင် အရေးယူနိုင်ပြီလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေကို…

မြဝတီ သောင်ရင်းမြစ်ဘေးမှာ ကျားဖြန့်လုပ်သား ၇၀၀ နီးပါး သောင်တင်

မြဝတီ၊ နိုဝင်ဘာ ၂၈ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံတိုက်ပွဲကြောင့် တရုတ်ကျားဖြန့်ဆိုက်ထဲက ထွက်ပြေးလာတဲ့ ကျားဖြန့်အလုပ်သမား ၇၀၀ နီးပါး ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးမှာ သောင်တင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်နားက မင်းလက်ပံရွာကို နိုဝင်ဘာ ၂၁ ရက်နေ့က အင် ကြင်းမြိုင် မယ်ဝါးခီးရွာကနေ စစ်ကော်မရှင်တပ် စစ်ကြောင်းထပ်မံထိုးလာခဲ့တာကြောင့် KNLA တပ်မဟာ…

မွန်ပြည်နယ်မှာ ပုဒ်မ ၅၀၅(က)နဲ့ ၁၂ ဦး ပြန်လွတ်လာ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၈ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့သူတွေထဲမှာ မွန်ပြည်နယ်က ၁၂ ဦး ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ လူပေါင်းသုံးထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးအပ်လိုက်တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့…

မော်လမြိုင်သာသနာနွယ် ဆရာတော် ဖမ်းဆီးခံရ

မော်လမြိုင်၊ နိုဝင်ဘာ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ မော်လမြိုင်သာသနာနွယ် ဆရာတော် အရှင် စန္ဒာဇောတိဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင် တောင်ဝိုင်းတောင်မှာ မွန်ပြည်နယ်စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ်…

ထိုင်ဝမ်အရေး တရုတ်ကို ရန်မစဖို့ ဂျပန်ဝန်ကြီးချုပ်ကို ထရန့် ပြော

တိုကျို၊ နိုဝင်ဘာ ၂၇ တိုကျိုနဲ့ ဘေဂျင်းကြား သံတမန်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ထိုင်ဝမ်ရဲ့ အချုပ်အခခြာ အာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်ကို ရန်မစဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီကို နိုဝင်ဘာ ၂၇ ရက်မှာ အကြံပေးထားကြောင်း Wall Street Journal ကဖော်ပြပါတယ်။ တရုတ်က သူတို့ ကိုယ်ပိုင်…

အာဖဂန်နစ္စတန် နိုင်ငံသားတွေရဲ့ ရွှေ့ပြောင်းနေထိုင်ခွင့် တောင်းဆိုမှု အမေရိကန် ဆိုင်းငံ့

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ အိမ်ဖြူတော်အနီး အမျိုးသားအစောင့် တပ်ဖွဲ့ဝင် နှစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူဟာ အာဖဂန်နစ္စတန်နိုင်ငံသား ဖြစ်ကြောင်း ဖော်ထုတ် သိရှိပြီးနောက် အာဖဂန်နစ္စတန် နိုင်ငံသားတွေအတွက် ရွှေ့ပြောင်းနေထိုင်ခွင့် တောင်းခံမှုတွေ အားလုံးကို အမေရိကန် အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။ လုံခြုံရေးနဲ့စစ်ဆေးရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရေး လုပ်ဆောင်ဖို့ ရှိနေတဲ့ အတွက် အခုလို ဆုံးဖြတ်ရတာ ဖြစ်ကြောင်း…

ရေးမှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ရေး၊ နိုဝင်ဘာ ၂၇ မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ အစင်-ဇီးဖြူသောင်ကျေးရွာလမ်းပိုင်းမှာ စစ်တပ် သြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ အစင်ကျေးရွာဘက်ကနေ ဇီးဖြူသောင်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့သွားတဲ့ အသက် ၅၀ ကျော်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင်…

ရွေးကောက်ပွဲနီးလာချိန် တနင်္သာရီမှာ စစ်ဘေးရှောင် ၉၀၀၀၀ ကျော်အထိ တိုးလာ

တနင်္သာရီ၊ နိုဝင်ဘာ ၂၇ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၉၃၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi အဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်က ကျေးရွာတွေ စစ်ကြောင်းထိုး ဝင်ရောက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေအပြင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ…

ထိန်းချုပ်နယ်မြေမှာ မည်သည့်လက်နက်ကိုင်တပ်တွေမှ ဖြတ်သန်းခွင့်မပြုဘူးလို့ DKBA စာထုတ်

မြဝတီ၊ နိုဝင်ဘာ ၂၇ မင်းလက်ပံရွာက DKBA ရဲ့ တရုတ်ကျားဖြန့်ဝင်းကို KNU က ဝင်ရောက်စီးနင်းမှုဖြစ်စဉ်အပြီး ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း အရေးပေါ်သွားလာဖို့…

ဟောင်ကောင် အထပ်မြင့် လူနေအဆောက်အဦ မီးလောင်မှုမှာ ၄၄ ဦး သေဆုံးပြီး ၂၇၉ ဦး ပျောက်ဆုံးနေ

ဟောင်ကောင်၊ နိုဝင်ဘာ ၂၇ ဟောင်ကောင်ရဲ့ တိုင်ပိုဒေသမှာ အထပ်မြင့် လူနေအဆောက်အဦတွေ ကြီးကြီးမားမား မီးလောင်မှု ဖြစ်ပွားပြီး လူ ၄၄ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။ ပျောက်ဆုံးနေသူ ၂၇၉ ဦး ရှိပြီး ဝါးနဲ့ ပလတ်စတစ်ပစ္စည်းတွေ အပါအဝင် မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ထားရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ အရာရှိ သုံးဦး လူသေဆုံးစေမှု သံသယနဲ့…