November 2025

စစ်အာဏာသိမ်း (၁၇၆၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၉ AAPP ရဲ့ နိုဝင်ဘာ ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၆၂) ရက်အတွင်း ပြည်သူ (၇၅၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၄၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မဖြစ်စလောက် နိုင်ကျဉ်းလွှတ်ပေးပြီး ရွေးကောက်ပွဲကို နိုင်ငံတကာ ထောက်ခံမှုရဖို့ စစ်ကော်မရှင် မျှော်လင့်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၉ အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွင်း တိုးတက်လာမှုကြောင့် ယာယီခိုလှုံခွင့် ရပ်ဆိုင်းကြောင်း ကြေညာမှုအပြီး စစ်ကော်မရှင်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တရားစွဲဆိုထားသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့ အမှုပိတ်သိမ်းတာတွေ လုပ်လာပါတယ်။ တစ်ဘက်မှာ စစ်ကော်မရှင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အားပေးထောက်ခံကြောင်း တရားဝင် ထုတ်ပြောထားတဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်နဲ့လည်း…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲပေးဖို့ တစ်အိမ်တက်ဆင်း လိုက်လံဖိအားပေးနေ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၉ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်တိုက်ပြီး ဖိအားပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှုကို နိုဝင် ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်အကြာ…

KNU ဖမ်းဆီးထားတဲ့ DKBA တပ်ဖွဲ့ဝင် ရာချီ ပြန်လွတ်လာ

မြဝတီ၊ နိုဝင်ဘာ ၂၉ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ KNU ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီအ ကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့က ပြန်လည်လွတ် မြောက်လာခဲ့တယ်လို့ DKBA သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ DKBA တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့…

ကမ္ဘာတဝှမ်း တတိယနိုင်ငံအားလုံးက ရွှေ့ပြောင်းနေထိုင်မှုကို အမြဲတမ်း ရပ်တန့်ဖို့ ထရန့် စီစဉ်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ ဝါရှင်တန်ဒီစီမှာ အမျိုးသား အစောင့် တပ်ဖွဲ့ဝင် စစ်သားနှစ်ဦးကို အာဖဂန်နစ္စတန်နိုင်ငံသား တစ်ယောက်က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် တတိယကမ္ဘာ့နိုင်ငံတွေဆီက ရွှေ့ပြောင်းနေထိုင်မှုကို ရပ်ဆိုးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ စနစ် အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေရေး တတိယကမ္ဘာ့နိုင်ငံအားလုံးက ရွှေ့ပြောင်းနေထိုင်မှုကို…

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC တရားသူကြီးတွေ ပြန်လွှတ်ပေးဖို့ စီစဉ်

သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၈ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေချိန်မှာ သူ့ကို လွှတ်ပေးရေး တောင်းဆိုမှုနဲ့ ပတ်သက်လို့ အယူခံတရားသူကြီးတွေက ဆုံးဖြတ်ဖို့ ပြင်ဆင်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ဖမ်းဆီးခံထားရာကနေ အခုရက်ပိုင်းအတွင်း ပြန်လွတ်မြောက် လာနိုင်ပါတယ်။ ဒူတာတေးကို လွှတ်ပေးလိုက်ရင် အမှု…

သရက်ချောင်းမှာ စစ်တပ်မီးရှို့မှုကြောင့် နေအိမ် ၁၂၀ ထက်မနည်း မီးလောင်ပြာကျ

သရက်ချောင်း၊ နိုဝင်ဘာ ၂၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကစလို့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၆…

မြန်မာအပါအဝင် ၁၉ နိုင်ငံက အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူတွေကို အမေရိကန် ပြန်လည် စစ်ဆေးမယ်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ နိုင်ငံပေါင်း ၁၉ နိုင်ငံကနေ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ထုတ်ပေးထားတဲ့ အစိမ်းရောင်ကတ်တွေကို ပြန်လည် စစ်ဆေးသွားမှာ ဖြစ်ကြောင်း ထရန့် အစိုးရက ပြောပါတယ်။ သက်ဆိုင်ရာ နိုင်ငံတိုင်းက လာရောက်နေထိုင်းတဲ့ နိုင်ငံခြားသားအားလုံးအတွက် ထုတ်ပေးထားတဲ့ အစိမ်းရောင်ကတ် အားလုံးကို ရာနှုန်းပြည့် အသေအချာ ပြန်လည် စစ်ဆေးရေး သမ္မတက ညွှန်ကြားထားတယ်လို့ အမေရိကန်နိုင်ငံသား…

ကျန်းမာရေး အခြေအနေ စိုးရိမ်ရတာကြောင့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဝင်စာတွေ့ခွင့်ရဖို့ တောင်းဆို

အစ္စလာမ်မာဘက်၊ နိုဝင်ဘာ ၂၈ ထောင်ဒဏ်ကျခံနေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ဆုံခွင့် ပိတ်ပင်ထားတာ သီတင်းသုံးပတ်ကျော် ကြာလာပြီးနောက် သူ့ရဲ့ ပါတီက ကျန်းမာရေး စိုးရိမ်ရတယ်လို့ ပြောကြားပြီး နိုဝင်ဘာ ၂၇ ရက်မှာ ထောင်ဝင်စာတွေ့ခွင့် တောင်းဆိုခဲ့ပါတယ်။ အီမရန်ခန်းဟာ အကျင့်ပျက် ခြစားမှုစွဲချက်တွေနဲ့ ထောင် ၁၄ နှစ် ချမှတ်ခံထားရပြီး ၂၀၂၃…

စစ်အာဏာသိမ်း (၁၇၆၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၈ AAPP ရဲ့ နိုဝင်ဘာ ၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၆၁) ရက်အတွင်း ပြည်သူ (၇၄၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၃၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…