အစ္စလာမ်မာဘက်၊ နိုဝင်ဘာ ၂၈
ထောင်ဒဏ်ကျခံနေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ဆုံခွင့် ပိတ်ပင်ထားတာ သီတင်းသုံးပတ်ကျော် ကြာလာပြီးနောက် သူ့ရဲ့ ပါတီက ကျန်းမာရေး စိုးရိမ်ရတယ်လို့ ပြောကြားပြီး နိုဝင်ဘာ ၂၇ ရက်မှာ ထောင်ဝင်စာတွေ့ခွင့် တောင်းဆိုခဲ့ပါတယ်။
အီမရန်ခန်းဟာ အကျင့်ပျက် ခြစားမှုစွဲချက်တွေနဲ့ ထောင် ၁၄ နှစ် ချမှတ်ခံထားရပြီး ၂၀၂၃ ခုနှစ် သြဂုတ်ကတည်းက ထောင်ချခံနေရတာ ဖြစ်ပါတယ်။

သူ့အပေါ် စွဲတင်ထားတဲ့ အမှုတွေဟာ သူ့ကို နိုင်ငံရေး လောကထဲ မဝင်နိုင်အောင် လိမ်လည်ထားတဲ့အမှု ဖြစ်တယ်လို့ အီမရန်ခန်းက ပြောကြားပြီး စစ်တပ်က ငြင်းဆိုထားပါတယ်။
အီမရန်ခန်းရဲ့ PTI ပါတီ ပြောရေးဆိုခွင့်ရှိသူ ဇူလ်ဖီကာ ဘာဟာရီက ခန်းကို နိုဝင်ဘာ ၄ ရက်နောက်ပိုင်း ဘယ်သူမှ တွေ့ခွင့်မရသေးဘူးလို့ ပြောထားပါတယ်။
သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ သူ့ကို တရားမဝင် သီးခြား ဖမ်းဆီးထားတဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်ပါတယ်လို့ ပါတီ ပြောခွင့်ရသူက ပြောကြားပြီး ခန်းရဲ့ မိသားစု ထောင်ဝင်စာတွေ့ခွင့် ချက်ချင်းပေးဖို့ တောင်းဆိုထားပါတယ်။

ရာဝယ်ပင်ဒီဒေသရှိ အကျဉ်းထောင် အပြင်ဖက်မှာ ခန်းရဲ့ မိသားစုဝင်တွေနဲ့ ပါတီဝင်တွေ ဆန္ဒပြပြီး ခန်းနဲ့ တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။
PTI ပါတီကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ နိုဝင်ဘာ ၂၇ ရက်က ထောင်ဝင်စာတွေ့ဖို့ ကြိုးပမ်းခဲ့ပေမယ့် တွေ့ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။
ပါကစ္စတန် အကျဉ်းထောင် ဥပဒေတွေအရ ခန်းအနေနဲ့ အနည်းဆုံး တစ်ပတ် တစ်ကြိမ် အပြင်က လူတွေနဲ့ တွေ့ခွင့် ရှိပေမယ့်လည်း အာဏာပိုင်တွေက အဲဒီလို ထောင်ဝင်စာတွေ့ခွင့်ကို ဆိုင်းငံ့နိုင်ပါတယ်။
ခန်းကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့ အချိန် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက ပြောပါတယ်။
အသက် ၇၃ နှစ်အရွယ် ခရစ်ကတ် ကစားသမားဟောင်း ခန်းကို လုံခြုံရေး ပိုမြင့်မားတဲ့ အကျဉ်းထောင်သို့ ရွှေ့ပြောင်းထားတာကြောင့် ထောင်ဝင်စာတွေ့ခွင့်ရဖို့ ပိုခက်ခဲသွားပြီ ဖြစ်ကြောင်း ပါကစ္စတန် ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သူ့ အခြေအနေနဲ့ ပတ်သက်လို့ အွန်လိုင်းမှာ လူပြောများနေပြီး အီမရန်ခန်း ဘယ်မှာလဲဆိုတဲ့ စာသား တစ်ခု လူမှုမီဒီယာမှာ ပျံ့နှံ့နေပါတယ်။
မှတ်ချက်ပြုပေးဖို့ ရိုက်တာသတင်းဌာနက တောင်းဆိုမှုကို ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးဌာနက တုံ့ပြန်မှု မရှိပါဘူး။
အီမရန်ခန်း ကျန်းမာရေး ကောင်းမွန်ကြောင်းနဲ့ သူ့ကို ထောင်ပြောင်းမယ့် အစီအစဉ် မကြားမိသေးဘူးလို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင် အရာရှိ တစ်ဦးက ပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ အီမရန်ခန်းဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပြဿနာ တက်ပြီးနောက် ၂၀၂၂ ခုနှစ်မှာ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
PTI ပါတီ နှိမ်နှင်းခံရပြီး ၂၀၂၃ ခုနှစ် မေလမှာ သူ့ကို ဖမ်းဆီးမှုကြောင့် နိုင်ငံတဝှမ်း စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
PTI ပါတီဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ အကြီးမားဆုံးပါတီအဖြစ် ထွက်ပေါ်လာခဲ့ပေမယ့် လိမ်လည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အမတ်နေရာတွေ ဆုံးရှုံးခဲ့ရပြီး ဝန်ကြီးချုပ် ရှီဘက် ရှရစ်ဖ် လက်ထက်မှာ ညွှန့်ပေါင်း အစိုးရ ဖွဲ့ခဲ့ရပါတယ်။
ရှရစ်ဖ်နဲ့ သူ့ရဲ့ မဟာမိတ်တွေကတော့ အဲဒီ စွပ်စွဲချက်တွေကို ပယ်ချထား တယ်။
Ref:Reuters

