ကော့ကရိတ်၊ နိုဝင်ဘာ ၁၄

ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း မိဖာလဲရွာနဲ့ မြဝတီတောင်ဘက်ပိုင်း လေးကေကော်အနီးပတ်ဝန်းကျင်ဒေသတွေမှာ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ နယ်မြေခံသတင်းရင်း မြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ် မြောက်ဘက်ပိုင်း မိဖာလဲကျေးရွာတစ်ဝိုက်မှာ စစ် ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲ တွေ ဆက်ဖြစ်နေပြီး စစ်ကော်မရှင်တပ်က လေယာဉ်၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

ကော့ကရိတ်မြောက်ပိုင်း မိဖာလဲကျေးရွာအုပ်စုအတွင်းမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန်လုပ်ဆောင်နေပြီး နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် စစ်ပြေးရှောင်နေရတဲ့ ဒေသခံရွာသူရွာသားတွေ နေရပ်ကို ပြန်မလာရဲကြသေးဘူးလို့ နယ်မြေခံသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့အနီး ရသေ့ဂူဘက်ကနေ ဖလူးကျေးရွာဘက်ကို ဦးတည်လာပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား နိုဝင်ဘာ ၁၂ ရက် ညပိုင်းနဲ့ ၁၃ ရက်မနက်ပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကော်မ ရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့ ဖလူးကျေးရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖလူးဒေသခံတစ်ဦးက ဆိုပါတယ်။

မြဝတီတောင်ပိုင်း လေးကေကော်မြို့အနီးတဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ တော်လှန် ရေးအင်အားစုအဖွဲ့တို့ရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အထိနာနေခဲ့ပြီး စစ်ကော်မရှင် တပ်မ ၂၂ လက်အောက်ခံ တပ်သားတွေတချို့ တော်လှန်ရေးပူးပေါင်းတပ်ဆီ လက်နက်ချအ လင်းဝင်ရောက်တာတွေလည်း ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲကာလမတိုင်ခင် မြဝတီတောင်ဘက် မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်နဲ့ ကော့က ရိတ်မြောက်ပိုင်း ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ ကျေးရွာတွေဆီ နယ်မြေပြန်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်ကော်မရှင်တပ်က အင်အားအများအပြားနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ စက်တင်ဘာလတွေအတွင်းက စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင်း ကော့ကရိတ်မြောက်ပိုင်းနဲ့ မြဝတီတောင်ပိုင်းက ကျေးရွာတွေအပေါ် လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတဲ့အတွက် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိခဲ့သလို အရပ်သားတွေအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.