November 13, 2025

စစ်အာဏာသိမ်း (၁၇၄၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၆၁) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၄ AAPP ရဲ့ နိုဝင်ဘာ ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၄၇) ရက်အတွင်း ပြည်သူ (၇၄၆၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၉၆၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ရှောင်အရေး ကူညီပေးဖို့ အာဆီယံနဲ့ နိုင်ငံတကာကို မွန်ကောင်စီနှစ်ဖွဲ့ ဖိတ်ခေါ်

မော်လမြိုင် ၊ နိုဝင်ဘာ ၁၄ ရွေးကောက်ပွဲအကြိုကာလမှာ မွန်ပြည်နယ်အတွင်း စစ်တပ်ရဲ့ ထိုးစစ်တွေ ရှိလာနိုင်တဲ့အတွက် စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနိုင်တာကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ရေး အာဆီယံနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှုကို မွန်ကောင်စီနှစ်ဖွဲ့က ဖိတ်ခေါ်ပါတယ်။ မွန်ပြည်နယ်အတွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC တို့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ…

မော်လမြိုင်မြို့မှာ ပစ်ခတ်မှုကျူးလွန်သူတွေကို စစ်ကော်မရှင် မဖမ်းနိုင်သေး

မော်လမြိုင် ၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်သူတွေကို စစ်ကော်မရှင်ဘက်က ပိုက်စိပ်တိုက် ရှာဖွေနေပေမယ့် ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ “မြင်သူလန်း” ဆံပင် မိတ်ကပ်ဆိုင်အရှေ့မှာ…

လေးကေကော်ဒေသနဲ့ ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေ

ကော့ကရိတ်၊ နိုဝင်ဘာ ၁၄ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း မိဖာလဲရွာနဲ့ မြဝတီတောင်ဘက်ပိုင်း လေးကေကော်အနီးပတ်ဝန်းကျင်ဒေသတွေမှာ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ နယ်မြေခံသတင်းရင်း မြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ် မြောက်ဘက်ပိုင်း မိဖာလဲကျေးရွာတစ်ဝိုက်မှာ စစ် ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား…

အမေရိကန်ရာဇဝင်မှာ အရှည်ကြာဆုံး အစိုးရဌာနများ ပိတ်သိမ်းမှု အဆုံးသတ်ရေး ရန်ပုံငွေ ဥပဒေကြမ်းကို ထရန့် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ အစိုးရဌာနများ ပြန်လည် ဖွင့်လှစ်ရေး ငွေသုံးစွဲရေး ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ် ထရန့်က လက်မှတ်ရေးထိုးလိုက်တာကြောင့် အမေရိကန် ရာဇဝင်မှာ အရှည်ကြာဆုံး အစိုးရဌာနများ ပိတ်သိမ်းထားမှု အဆုံးသတ်သွားခဲ့ပါတယ်။ အထက်လွှတ်တော်က မဲကွာဟချက် အနည်းငယ်နဲ့ အတည်ပြုခဲ့ပြီးနောက် နှစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်ညမှာ အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ၂၂၂ မဲ၊…

DKBA အဖွဲ့နဲ့ခေါင်းဆောင် ၄ ဦးကို အမေရိကန် ဒဏ်ခတ် ပိတ်ဆို့

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ အမေရိကန် နိုင်ငံသားတွေအပါအဝင် လူထောင်ပေါင်းများစွာကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့် လုပ်ငန်းတွေကို သူတို့ထိန်းချုပ်ထားရာ ဒေသကနေ ကူညီထောက်ပံ့ပေးတဲ့အတွက် မြန်မာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်မှာ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ DKBA နဲ့ ခေါင်းဆောင်လေးဦးအပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ ထိုင်းနိုင်ငံသား တစ်ဦးတို့ကို အမေရိကန်က…

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦး အကြောင်းမဲ့ တိုက်ပိတ်ခံရ

ဒိုက်ဦး၊ နိုဝင်ဘာ ၁၃ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး အကြောင်းမဲ့ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM ထံက သိရပါတယ်။ ဒိုက်ဦးထောင်ရဲ့ အမျိုးသမီးအဆောင် ၆ အပေါ်ထပ် အခန်း ၄ မှာ ပုဒ်မ ၅၂ (က)နဲ့ မတရားအကျဉ်းချခံထားတဲ့ နိုင်ငံရေးအကျဉ်းသူ မမေသူနိုင်ကို…

လောင်းလုံးတိုက်ပွဲအတွင်း အမျိုးသမီးနှစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

လောင်းလုံး၊ နိုဝင်ဘာ ၁၃ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာအနီး တိုက်ပွဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညှင်းမော်ရွာအနီးမှာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အချိန် ၆ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။…

သထုံမှာ စစ်မှုထမ်း သင်တန်းပို့မယ့် လူငယ် လေးဦး ထွက်ပြေးလွတ်မြောက်

သထုံ၊ နိုဝင်ဘာ ၁၃ မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ကမ္ဘောဇဘဏ် ၂ အရှေ့မှာ ပြည်သူ့စစ်မှုထမ်း သင်တန်းပို့မယ့် လူငယ် လေးဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ သထုံမြို့အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်းတန်းကျောင်းတပ်ထံ ပို့ဆောင်မယ့်…

မြန်မာကျားဖြန့်မြို့ ပိုင်ရှင် ရှဲကျီကျန်းကို ထိုင်းက တရုတ်ထံ လွှဲပြောင်းပေး

ဘန်ကောက်၊ နိုဝင်ဘာ ၁၃ အရှေ့တောင်အာရှမှာ တရားမဝင် လောင်းကစား အင်ပါယာတစ်ခု တည်ဆောက်ထားတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား ရှဲကျီကျန်းကို မိခင်နိုင်ငံဆီ လွှဲပြောင်းလိုက်ပြီ ဖြစ်တာကြောင့် သူ့အပေါ် ချမှတ်ထားတဲ့ အဲဒီအမိန့် ချေပရေး နှစ်များစွာကြာ ကြိုးပမ်းမှု အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်က နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုဆီ တောင်းဆိုထားမှုအရ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးပြီးနောက်…