October 6, 2025

နိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တရုတ်က ရုရှားအတွက် ထောက်လှမ်း သတင်းပေးနေတယ်လို့ ယူကရိန်း ပြော

ကိဗ်၊ အောက်တိုဘာ ၆ ယူကရိန်း ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရာမှာ ပိုပြီး ထိရောက်စေဖို့ ရုရှားကို တရုတ်က ထောက်လှမ်းရေးသတင်းတွေ ပေးနေတယ်လို့ ယူကရိန်း ထောက်လှမ်းရေး ထိပ်တန်း အရာရှိ တစ်ယောက်က ပြောလိုက်ပါတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက အကျိုးအမြတ် ရနေတဲ့ နေရာတွေ အပါအဝင် ပစ်မှတ်တွေနဲ့ ပတ်သက်လို့ တရုတ်က ဂြိုဟ်တု ထောက်လှမ်းရေး…

အစိုးရဌာနတွေ ပြန်ဖွင့်ဖို့ ရှေ့မဆက်နိုင်ရင် ဝန်ထမ်းတွေ အစုလိုက် အပြုံလိုက် ထုတ်ပယ်မှု စတော့မယ်လို့ အိမ်ဖြူတော် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၆ အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်ထားရမှု အဆုံးသတ်ရေး လွှတ်တော်ထဲက ဒီမိုကရက်တွေနဲ့ ညှိနှိုင်းမှုတွေ ဘယ်နေရာကိုမှ ရောက်မလာဘူးလို့ သမ္မတ ဒေါ်နယ် ထရန့်က ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထရန့် အစိုးရက ဖက်ဒရယ် အလုပ်သမားတွေကို အစုလိုက် အပြုံလိုက် စတင်ထုတ်ပယ်တော့မယ်လို့ အိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အကျဉ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး အသက်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ပါတယ်။ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာက အသက် ၄၈ နှစ်အရွယ် ဦးအောင်ကိုဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃…

သရက်ချောင်းမြို့နယ် သဲချောင်းကြီးရွာကို စစ်တပ် ဗုံးကြဲ

သရက်ချောင်း၊ အောက်တိုဘာ ၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေ

မကွေး အောက်တိုဘာ ၆ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၅ ရက်မှာ ဆင်လူးကျေးရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်း၊ ကာကွယ်ရေးအဖွဲ့တွေ​ကြား မဲဇလီကျေးရွာဝန်းကျင်မှာ အောက်တိုဘာလ ၆ ရက်က တိုက်ပွဲဖြစ်ပွားနေတာပါ။ “အဲဒီမြောက်ဘက်ကနေ…