September 18, 2025

ရုရှားအတိုက်ခံ ခေါင်းဆောင် ထောင်ထဲမှာ အဆိပ်ခတ်ခံခဲ့ရကြောင်း စစ်ဆေးမှုတွေက ဖော်ပြနေတယ်လို့ ဇနီးဖြစ်သူ ပြော

မော်စကို၊ စက်တင်ဘာ ၁၈ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ရုရှား အတိုက်အခံခေါင်းဆောင် အလက်စီ နာဗယ်နီဟာ ၂၀၂၄ ခုနှစ်က အာတိတ်စက်ဝိုင်းရှိ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရချိန် အဆိပ်ခတ်ခံရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သူ့ရဲ့ ဇနီးက ပြောကြားခဲ့ပါတယ်။ ခိုးထုတ်ယူလာတဲ့ ဇီဝဗေဒဆိုင်ရာ နမူနာတွေကို နိုင်ငံနှစ်နိုင်ငံရှိ ဓာတ်ခွဲခန်းတွေမှာ လေ့လာစစ်ဆေးရာ နာဗယ်နီဟာ အဆိပ်ခတ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့…

ထရန့်ရဲ့ ဒုတိယမြောက် ဗြိတိန်ခရီးစဉ်ကို လူထောင်ချီ ဆန္ဒပြ

လန်ဒန်၊ စက်တင်ဘာ ၁၈ ဗြိတိန် လွှတ်တော်ရင်ပြင်မှာ လူထောင်ချီ စုဝေးပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ သမဂ္ဂတွေနဲ့ ပရဟိတအဖွဲ့ ၅၀ကျော် ပါဝင်တဲ့ Stop Trump Coalition အဖွဲ့ဝင်တွေဟာ လန်ဒန် မြို့လယ်ခေါင်က စတင်ပြီး ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြသူ တချို့က လူမျိုးရေး…

ထားဝယ်နဲ့ကျောက်ကြီးမှာ စစ်မှုထမ်း တပ်သားလေးဦး အလင်းဝင်

ကျောက်ကြီး၊ စက်တင်ဘာ ၁၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သား လေးဦး အလင်းဝင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ကျောက်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၆၀ နဲ့ ခမရ ၅၉၀ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသုံးဦးဟာ…

အနင်းဘူတာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်တိုက်ခံရ

သံဖြူဇရပ်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအနီး ဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က အနင်းဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၆၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၈ AAPP ရဲ့ စက်တင်ဘာ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၉၀) ရက်အတွင်း ပြည်သူ (၇၂၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကော်မရှင် ဟန်ပြဖိတ်ကြား

နေပြည်တော်၊ စက်တင်ဘာ ၁၈ လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ အပိုင်းလိုက် စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဖိတ်ကြားသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က စက်တင်ဘာ ၁၆ ရက်နေ့မှာ ကြေညာပါတယ်။ ကြေညာချက်အရ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဖိတ်ကြားစာပေးပို့မှာဖြစ်ပြီး နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအဖြစ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင်…

မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီအများစု အမတ်လောင်း ရှာပုံတော် လမ်းပျောက်နေဆဲ

မော်လမြိုင် ၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီကလွဲပြီး ပါတီအများစု ကိုယ်စား လှယ်‌လောင်း ရှာမရ ဖြစ်နေသေးတယ်လို့ ပါတီတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း…

တနင်္သာရီတိုင်းက မြို့နယ်သုံးခုကို စစ်တပ်တပြိုင်တည်းဗုံးကြဲ

ထားဝယ်၊ စက်တင်ဘာ ၁၈ တနင်္သာရီတိုင်းရှိ ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်ကော်မရှင်တပ် တပြိုင်တည်း ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်လောက်ကစပြီး စစ်ကော်မရှင်တပ်ဟာ ထားဝယ်မြို့ နယ် အရှေ့တောဒေသရှိ ရေဝိုင်းနဲ့ ခေါင်တိုင်ပြင်ကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲသွားတာပါ။…