မော်လမြိုင် စက်တင်ဘာ ၁၁
မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်လုံး ဓါးပြတိုက်ခံရတယ်လို့ မြို့ခံတွေအပါအဝင် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဈေးကြိုရပ်ကွက်က ဦးကျော်သူရရဲ့ နေအိမ်ကို မျက်နှာဖုံးတပ်ထားတဲ့ လူ ၃ ဦးက ဓါးပြဝင်တိုက်သွားတာ ဖြစ်ပါတယ်။
ဓါးပြတိုက်ခံရတာကြောင့် ဦးကျော်သူရ နေအိမ်မှ မီးလင်းအခေါက်ရွှေ ၁၀ ကျပ်သား၊ ငွေကျပ် သိန်း ၄၀၀ နီးပါး၊ I Phone နှစ်လုံးနဲ့ Ipad Pro တစ်လုံး ပါရှိသွားတယ်လို့ သိရပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ ဓါးပြလာတိုက်တဲ့သူတွေမှာ ဓားတွေအပြင် သေနတ်တွေပါ ပါလာတယ်လို့ ဆိုပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်အပေါ် ပြည်သူလူထုအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
ဓါးပြလာတိုက်သွားတဲ့ လူ ၃ ဦးကိုတော့ စစ်ကော်မရှင်ဘက်က လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

