ဘန်ကောက် ဩဂုတ် ၂၉
အာဏာရယူပြီး တစ်နှစ်လောက်အတွင်းမှာတင် ကျင့်ဝတ်ချိုးဖောက်မှုအတွက် ထိုင်းဖွဲ့စည်းပုံ တရာရုံးက ဆိုင်းငံ့ခံထားရတဲ့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို ဩဂုတ် ၂၉ ရက်နေ့မှာ ရာထူးကနေ အပြီးဖယ်ရှားလိုက်ပါတယ်။
ဒါဟာ ရှင်နာဝါထရာနိုင်ငံရေးအုပ်စိုးမှုအတွက် နောက်ထပ်ပြင်းထန်တဲ့ ထိခိုက်မှုဖြစ်ပြီး နောက်ထပ် အကျပ်အတည်းကာလတစ်ခုအောက်ကို ရောက်သွားစေနိုင်ပါတယ်။ ဝန်ကြီးချုပ် ပေသွန်ထန်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှာကတည်းက ရာထူးကနေ ဆိုင်းငံ့ထားတာပါ။
နယ်စပ်အငြင်းပွားမှုအရေး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နဲ့ ဖုန်းခေါ်ဆိုမှု ပြီးခဲ့တဲ့ ဇွန်လမှာ ပေါက်ကြားခဲ့ပြီးတဲ့နောက် ကျင့်ဝတ်ချိုးဖောက်တယ်လို့ အပြစ်ထင်ရှား တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
Ref:CNA

