ကျုံးဒိုးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး နှလုံးဖောက်သေဆုံး
ကျုံဒိုး၊ ဇူလိုင် ၁၃ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် အောင်ဗလကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကြောက်ရွံ့ထိတ်လန့်ပြီး နှလုံးဖောက်သေဆုံးသွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် ည ၁၀ နာရီအချိန်က ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ…
