ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော
မိတ္တီလာ၊ ဇူလိုင် ၁၂ လာမယ့် နှစ်ကုန်ပိုင်းနဲ့နှစ်ဆန်းပိုင်းအတွင်း အပိုင်းလိုက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာကနေ လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။ ဇူလိုင် ၁၀ ရက်နေ့က မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ MSME လုပ်ငန်းရှင်တွေကို မိတ္ထီလာမြို့မှာ တွေ့ဆုံစဉ်…
