မင်းဘူးခရိုင်မှာ စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းဆီးနေ
မကွေး ဇူလိုင် ၁၀ မကွေးတိုင်း မင်းဘူးခရိုင်အတွင်း စစ်ကောင်စီက စစ်မှုထမ်းအတွက်ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူနဲ့ စလင်းမြို့တွေမှာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ပြုလုပ်လာတာပါ။ “မင်းဘူးမြို့ကြီးမှာတောင် စစ်တပ်အရာရှိတွေနေတဲ့ အိမ်ရာတွေဘေးက ရပ်ကွက်ကို ညနေ နေဝင်ခါစမှာ အိမ်တွေထဲအထိ ဝင်ဆွဲတာတွေလုပ်ဆောင်နေပါတယ်။ တော်တော်များများလည်း ပါသွားတယ်။”…
