နိုင်ငံ့တောင်ပိုင်းမှာ ဇွန်တစ်လအတွင်း အရပ်သား ၆၀ ကျော်သေဆုံး
မော်လမြိုင် ၊ ဇူလိုင် ၉ နိုင်ငံ့တောင်ပိုင်း ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဇွန်လအ တွင်း အရပ်သားပြည်သူ ၁၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆၃ ဦး သေဆုံးခဲ့တယ်လို့ ရာမညအင်စတီကျုသုတေသနဌာန RICE ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း တောင်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်အရေအတွက်၊ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်…
