July 22, 2025

စစ်အာဏာသိမ်း (၁၆၃၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၉၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၃ AAPP ရဲ့ ဇူလိုင်၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၃၃) ရက်အတွင်း ပြည်သူ (၆၉၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၂၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

နယ်မြေစိုးမိုးရေး အရှိန်အဟုန်မြှင့်မယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

နောင်ချို ၊ ဇူလိုင် ၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့ ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်မှုအပေါ် နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်သွားမယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ ဇူလိုင် ၂၁ ရက်နေ့က ဒုစစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စစ်ဆင်ရေးဝတ်စုံနဲ့ နောင်ချိုမြို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုဝန်ကြီးတွေအပါအဝင် တာဝန်ရှိသူတွေနဲ့အတူ သွား…

ကော့ကရိတ်မြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ကော့ကရိတ်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းကစလို့ KNLA တော်လှန်ရေးအင်အားစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့ မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ အာရှလမ်းမကြီးဘက်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ…

နှစ်ဝက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံး

မော်လမြိုင် ၊ ဇူလိုင် ၂၃ နိုင်ငံတဝန်းမှာ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပညာရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ အခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၁၃၀၇ ကြိမ်…

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးတဲ့ ရေးဒေသခံအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ရေး၊ ဇူလိုင် ၂၃ မွန်ပြည်နယ် ရေးမြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို Tiktok အကောင့်မှာ မွေးနေ့ဆုတောင်းပေးတဲ့ ဒေသခံအမျိုးသမီး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် မယမင်း (ခေါ်) လင်းလင်းကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ…

အမေရိကန် အစိုးရဝန်ထမ်းကို တရုတ်နိုင်ငံက ပြည်ထွက်ခွင့် မပေးဘူးလို့ ဝါရှင်တန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၂၂ တရုတ်နိုင်ငံဆီ ပုဂ္ဂိုလ်ရေးအရ သွားရောက်နေတဲ့ အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံး ဝန်ထမ်းတစ်ဦးကို ဘေဂျင်းအစိုးရက နိုင်ငံထဲကနေ ထွက်ခွာခွင့် တားမြစ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။ ဒီကိစ္စကို မိမိတို့ အနီးကပ် စောင့်ကြည့်နေပြီး အခြေအနေကို တတ်နိုင်သမျှ ပြေလည်စေဖို့ တရုတ် အာဏာပိုင်တွေနဲ့…

နှစ်နိုင်ငံနယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှု ပိုမြင့်လာ

စင်ကာပူ၊ ဇူလိုင် ၂၂ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းစစ်သား သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်ဆိုပြီး ထိုင်းအစိုးရက အိမ်နီးချင်း ကမ္ဘောဒီးယားကို ဇူလိုင် ၂၀ ရက်မှာ စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမို နက်ရှိုင်းလာပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ဆက်သွယ်ဖို့ စိတ်ဆန္ဒမရှိဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကပြောကြားပြီး…

မိုင်းငေါ့မှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

မိုင်းငေါ့၊ ဇူလိုင် ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့နယ် ဟူးဆွန်ကျေးရွာမှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဟူးဆွန်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လက်ဖက်ခြံကိုသွားချိန် ညောင်ပင်အနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က မိုင်းနင်းမိခဲ့တာပါ။…

မေတ္တာမြို့မှာ စစ်တပ်ပစ်ခတ်မှုကြောင့် ခရီးသွားနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

မေတ္တာ၊ ဇူလိုင် ၂၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ မေတ္တာမြို့မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယာဉ်မောင်းအပါအဝင် ခရီးသွားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ မေတ္တာစခန်းက လက်နက်ကြီး ပစ်ခတ်ရာကနေ မေတ္တာမြို့ ဟိန္ဒူးချောင်းကျေးရွာ တံတားအနီးရောက်ရှိတဲ့ ကားတစ်စီးအပေါ်…

ကျိုက်ထိုက တံတားဂိတ် ကားဝင်တိုက်လို့ ရဲတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သဲဖြူချောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က သဲဖြူချောင်းတံတားဂိတ် ကားဝင်တိုက်မှုကြောင့် ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ မနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ရန်ကုန်ကနေ ကျိုက်ထိုမြို့နယ်ထဲ မောင်းနှင်လာတဲ့ “အာကာမင်း”ခရီးသည်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ သဲဖြူချောင်းတံတားစစ်ဆေးရေးဂိတ်ကို ဝင်တိုက်မိခဲ့တာပါ။ သဲဖြူချောင်းတံတားဂိတ် ကားတိုက်ခံရတာကြောင့် လုံခြုံရေးယူနေတဲ့…