မိုင်းငေါ့၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့နယ် ဟူးဆွန်ကျေးရွာမှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဟူးဆွန်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လက်ဖက်ခြံကိုသွားချိန် ညောင်ပင်အနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက် ၂၈ နှစ်အရွယ် မအေးဝင်းဟာ မိုင်းစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ကျေးရွာတာဝန်ရှိသူတွေနဲ့ ပြည်သူလူထုတွေက သွားရောက်သယ်ဆောင်ပေးခဲ့ပြီး ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ကလည်း နမ့်ခမ်းမြို့ စစ်ကောင်စီစခန်းသစ်ဟောင်းအနီးမှာ ပြောင်းဖူးခြံရှင်းနေတဲ့ အမျိုးသမီးတစ်ဦး မြေမြှုမိုင်း နင်းမိပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.