အီရန် နျူကလီးယားစီမံကိန်း နှစ်နှစ်အထိ အဆင့်လျော့ကျသွားတယ်လို့ ပင်တဂွန် ပြော
ဝါရှင်တန်၊ ဇူလိုင် ၃ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် နျူကလီးယားစီမံကိန်းဟာ နှစ်နှစ်အထိ အဆင့်လျော့ကျသွားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ အများပြည်သူသို့ ပေါက်ကြားခဲ့တဲ့ ကနဦး လေ့လာမှုမှာ အမေရိကန် တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှု အတိုင်းအတာကို လျှော့ချထားတာ တွေ့ရပေမယ့်လည်း ပင်တဂွန်ရဲ့ ပြောဆိုချက်အရ…
