နောင်ချို၊ ဇူလိုင် ၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ တစ်လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက် ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးသေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း နောင်ချို၊ နမ္မတူ၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဇွန်လအစောပိုင်းကစပြီး နောင်ချိုမြို့နယ် အပါအဝင် အခြားမြို့နယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၇၅ လုံး၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၄ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားရှစ်ဦး သေဆုံးခဲ့ပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၆ ခုမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.