ရေဖြူ၊ ဇွန် ၁၉
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပယကျေးရွာနေ ဒေသခံလင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က နေ အိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ပယကျေးရွာ ရှားကုန်းပိုင်းမှာနေထိုင်တဲ့ အ သက် ၂၀ ကျော်အရွယ် ကိုအောင်ကိုသက်၊ ဇနီးဖြစ်သူ မမီးခြူးတို့ဟာ နေအိမ်မှာပဲ ဖမ်းဆီးခံလိုက်ရပါတယ်။
စစ်ကောင်စီတပ်ကတော့ ဖမ်းဆီးခံလင်မယားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ် သက်ဆက်နွှယ်သူတွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားတာပါ။
သူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ပယရွာ စစ်ဆေးရေးဂိတ်မှာ ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေသလို ဖမ်းဆီးခံရစဉ် ခင်ပွန်းဖြစ်သူကို စစ်ကောင်စီတပ်က ရိုက်နှက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ပယရွာ ရွှေမိုးညိုဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်း သုံးခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားတဲ့ကိစ္စကို ဒေသခံတွေက သတင်းပေးလို့ဆိုပြီး လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကံပေါက်မြို့မှာ Non CDM ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားပြီး နှစ်ပတ်ကျော်အကြာ ဇွန် ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Khawe Ma Hpaw Page
ပုံဟောင်းဖြစ်ပါသည်။

