June 19, 2025

ဟွန်ဆန်နဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက် ထိုင်းဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှု ပိုများလာ

ဘန်ကောက်၊ ဇွန် ၁၉ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက် အများဒေါသထွက်ပြီး အဓိကညွှန့်ပေါင်း လက်တွဲဖော် ပါတီ နုတ်ထွက်သွားချိန်မှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုများလာပါတယ်။ ဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ ဖူထိုင်းပါတီ ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့ဟာ ပြုတ်ကျလုဆဲဆဲ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်…

အီရန်ကို အမေရိကန် တိုက်ခိုက်ရင် ပြန်ပြင်လို့မရတဲ့ ပြဿနာတွေ ဖြစ်လာမယ်လို့ ခါမေနီ သတိပေး

ဒူဘိုင်း၊ ဇွန် ၁၉ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တိုက်တွန်းမှုကို အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဇွန်၁၈ ရက်က တုံ့ပြန်ရာမှာ အမေရိကန်က မိမိတို့ကို တိုက်ခိုက်လာရင် ပြန်ပြင်မရနိုင်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။ အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို…

ရေဖြူဒေသခံ လင်မယားနှစ်ဦးကို စစ်တပ်ဖမ်းဆီး

ရေဖြူ၊ ဇွန် ၁၉ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပယကျေးရွာနေ ဒေသခံလင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က နေ အိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ပယကျေးရွာ ရှားကုန်းပိုင်းမှာနေထိုင်တဲ့ အ သက် ၂၀ ကျော်အရွယ် ကိုအောင်ကိုသက်၊ ဇနီးဖြစ်သူ…

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်ဖြစ်နေ

နောင်ချို၊ ဇွန် ၁၉ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ကျေး ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်တို့ကြား နှစ်ဖက်တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဉာဏ်တောကျေးရွာနဲ့ ရွှေသွန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ကြား…

တနင်္သာရီမှာ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် သုံးဦးသေဆုံး

တနင်္သာရီ၊ ဇွန် ၁၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ရမ်းဖိုကျေးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက…