ဖာပွန်၊ မေ ၂၃

ကရင်ပြည်နယ် ဖာပွန်မြို့အနီးရှိ ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ဆက်လက်ချေမှုန်းရေး စစ် ဆင်ရေးအတွင်း PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာ ကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဧပြီလကစပြီး တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ကျန်ရှိနေတဲ့ ဗျူဟာကုန်းကို ဆက်လက်ချေမှုန်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားလျက်ရှိနေပြီး တော်ဝင်ဒေါင်းစစ်ကြောင်းဘက်မှာလည်း တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်မြို့စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေ၊ မဟာမိတ်တပ်တွေ စု ပေါင်းကာ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး KNLA တပ်ရင်းတွေ၊ PDF တပ်ရင်းတွေနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ဟာ စစ်ဆင်ရေးရဲ့ ရည်မှန်းချက် အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကာ မြို့ကို ထိန်း ချုပ်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖာပွန်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းနဲ့ တပ်ရင်းဌာနချုပ်တွေရဲ့ အဝင်အထွက်နေ ရာလမ်းတွေအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦး ဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၉၊ ခမရ ၄၃၄၊ စစန ၆၄၂ တပ်ရင်းတို့ကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းနဲ့ ခမရ ၃၄၀ ခမရ ၃၄၁ တပ်ရင်းတို့ကို ဆက်လက်ချေမှုန်းတိုက်ခိုက်နေဆဲဖြစ်ပြီး နေရာအချို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ထားနိုင်ကာ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ကူပေးတာတွေ နေ့စဉ်လုပ် ဆောင်နေလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ နယ်စပ်နား အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တို့ရဲ့ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် အခုလပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တပ်စခန်းကနေ ရုတ်သိမ်းစွန့်ခွာ ထွက်ပြေးခဲ့ကြတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တော်ဝင်ဒေါင်းစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.