ကျိုက်ထို၊ မေ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် ရာအိမ်မှူး ဦးအုန်းမြင့်ဟာ မနေ့ မေ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျိုက်ထိုမြို့ရှိ ဆဲဗင်းမက် လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့ ရာအိမ်မှူးဦးအုန်းမြင့်ကို အမည်မသိ သေ နတ်သမား ၂ ဦးက ဆိုင်ထဲဝင်ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးအုန်းမြင့်ဟာ ဦးခေါင်း၊ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၇ ချက် ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးအုန်းမြင့်ဟာ စစ်ကောင်စီတပ်နဲ့ရဲစခန်းတွေထဲ ပုံမှန်အဝင်အ ထွက်ရှိသူဖြစ်ပြီး အာဏာမသိမ်းခင်က အမှုပွဲစားလုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ရာအိမ်မှူး ဦးအုန်းမြင့် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးအင် အားစုအဖွဲ့ တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုမှာ ပါဝင်တဲ့ စစ်ကောင်စီခန့် အုပ်ချုုပ်ရေးမှူးတွေအပါအဝင် ရာအိမ်မှူး ၁၀ ဦးထက်မနည်း ပစ်သတ်ခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.