ကောလင်းမြို့ ပုဂ္ဂလိကဘဏ် ၅ ခုမှ ငွေကျပ် ၄၄ ဘီလီယံကျော် သိမ်ဆည်းထားတယ်လို့ NUG ထုတ်ပြန်

0
171

ကောလင်း၊ နို၀င်ဘာ ၃၀

တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ ကောလင်းမြို့က ပုဂ္ဂလိကဘဏ်ခွဲ ၅ ခုမှ ကျပ်ငွေ ၄၄ ဘီလီယံကျော်ကို ထပ်မံသိမ်းဆည်းထားတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က နို၀င်ဘာ ၃၀ မှာ ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့က ကမ္ဘောဇဘဏ်ခွဲ ၂ မှ ကျပ်ငွေ ၃၂ ဘီလီယံကျော်၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ကျပ်ငွေ ၉ ဘီလီယံကျော်၊ ဧရာဝတီဘဏ်မှ ၁ ဘီလီယံကျော်၊ ကမ္ဘာ့ရတနာဘဏ်မှ ကျပ်သိန်း ၃,၀၀၀ ကျော်၊ Tun Commercial Bank မှ ကျပ်သိန်း ၂၈၀၀ ကျော် စုစုပေါင်း ကျပ်ငွေ ၄၄,၅၁၈.၂၉၇ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ရဲ့ တင်ပြချက်အရ အချို့ ပုဂ္ဂလိကဘဏ်တွေမှာ လုံခြုံရေးကျိုးပေါက်ပြီး ငွေတိုက်အတွင်း ဖောက်ထွင်းဖို့ ကြိုးစားထားတာကို တွေ့ရှိရပြီး အချိန်မီ တားဆီးနိုင်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ အပ်နှံငွေ မဆုံးရှုံးကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်အနေနဲ့ လက်ခံသိမ်းဆည်းထားတဲ့ ငွေသားတွေကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နစ်နာဆုံးရှုံးမှု မရှိစေရန် ဥပဒေနဲ့အညီ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေအဖြစ် သတ်မှတ်ပြီး စနစ်တကျ စီမံခန့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၁၄ ကနေ့ကလည်း ကောလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ သန်းပေါင်း ၉၅၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Sicial Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.