July 7, 2023

ဂျပန်ဝန်ကြီးချုပ်က အရှေ့အာရှ အန္တရာယ်တွေကို နေတိုးအဖွဲ့ကို သတိပေး

လစ်သူယေးနီးယား၊ ဇူလိုင်(၈) ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဂျပန်ကယူဆတဲ့ အာရှရှိတရုတ်နဲ့ရုရှားတို့ရဲ့ လှုပ်ရှားမှုကို ဂရုပြုမိစေဖို့နဲ့ ယူကရိန်းကိုအာရုံစိုက်နေတဲ့ မဟာမိတ်အဖွဲ့ကို သတိပေးဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီ ရှီဒါက လစ်သူယေးနီးယားနိုင်ငံမှာ နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ ဆွေးနွေးမယ်လို့ သိရပါတယ်။ ကီရှီဒါရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်တဲ့ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန် ခေါင်းဆောင် တွေနဲ့အတူ နေတိုးအဖွဲ့ တွေ့ဆုံမှုခရီးစဉ်ဟာ ဂျပန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို…

အိန္ဒိယက McDonald’s ဆိုင်တွေမှာ ခရမ်းချဉ်သီးအသုံးမပြုတော့

နယူးဒေလီ – ဇူလိုင်(၈) ဟင်းသီးဟင်းရွက်တွေရဲ့ စျေးနှုန်းတွေ စံချိန်တင်မြင့်တက်တာနဲ့ အရည်အသွေးဆိုင်ရာ စိုးရိမ်မှု တွေကြောင့် အိန္ဒိယနိုင်ငံအတွင်းဖွင့်လှစ်ထားတဲ့ Fast Food McDonald’s ဆိုင်တွေမှာ ဘာဂါနဲ့ တခြား အစားအစာရောင်းချရင် ခရမ်းချဉ်သီးအသုံးပြုတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက တချို့သော ဒေသတွေမှာ အိန္ဒိယအစားအစာတွေရဲ့ အဓိကဖြစ်တဲ့ ခရမ်းချဉ်သီးဟာ တစ်ကီလိုကို (၁၄၀) ရူးပီးအထိရှိနေတဲ့အပြင် လက်လီစျေးနှုန်းမှာလည်း မြင့်တက်နေတဲ့အတွက်…

ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခွဲရဲ့ တရားဝင်နေထိုင်ခွင့် ထိုင်းအစိုးရ သက်တမ်းတိုး

ဘန်ကောက် – ဇူလိုင်(၈)​ ထိုင်းနိုင်ငံရဲ့ အလုပ်သမားရှားပါးမှုကို လျှော့ချဖို့နဲ့ ကိုဗစ်အလွန်စီးပွားရေး ပြန်လည်ဦးမော့လာ စေဖို့ အခြေခံအလုပ်သမားတွေအတွက် အစိုးရအဖွဲ့က နိုင်ငံခြားရွေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်နေထိုင်ခွင့်ကို ဇူလိုင်လအကုန်ထိ သက်တမ်းတိုးခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊လာအို၊မြန်မာနဲ့ ဗီယက်နမ်နိုင်ငံ တွေက အလုပ်သမား(၁)သန်းခွဲနီးပါးကို နိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ဖို့နဲ့ အလုပ်အကိုင် အတွက် လိုအပ်တဲ့ ပါမစ်တွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရွေ့ပြောင်းနေထိုင်သူတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်…

ထန်းတပင်မြို့နယ်ကို စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်နေ

ထန်းတပင် – ဇူလိုင်(၇) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တနေကုန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂) တောင်ပိုင်းစစ်ဒေသခွဲ (၂)က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၆) ရက်နေ့ မနက်အစောပိုင်းက လှည်းလမ်းကူးကျေးရွာအလယ်ပိုင်းကို သေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့ အင်အား(၅၀) ပါတဲ့ စစ်ကောင်စီတပ်ကို ရိုးမစစ်ကြောင်းနဲ့ KNLA…

စစ်သုံးစစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်မယ်လို့ ဗ.က.သများ အဖွဲ့ချုပ်ကြေညာ

မော်လမြိုင် – ဇူလိုင်(၇) ဆဲဗင်းဇူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ စစ်အစိုးရ၊စစ်အုပ်စု၊စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်မယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဗ.က.သက ကြေညာခဲ့ပါတယ်။ ဒီနေ့ ဇူလိုင်လ(၇) ရက်နေ့မှာဟာ ဗ.က.သများအဖွဲ့ချုပ်က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ (၆၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ကြေညာခဲ့တာပါ။ စစ်အုပ်စုဟာ တိုင်းပြည်အာဏာကို အဓမ္မနည်းနဲ့ တကျော့ပြန် ပေါ်ပေါ်ထင်ထင် သိမ်းပိုက်ခဲ့လို့ ပြည်သူလူထုဟာ…

ကျိုက်ထီးရိုး တောင်တက်ကားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

ကျိုက်ထို၊ ဇူလိုင်(၇) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီ တောင်တက်လမ်းရှိ တံတားတစ်စင်းဟာ ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထီးရိုးတောင်တက်ကားလမ်း ၁၀ မိနစ်စခန်းအကျော်က လေးဖာတောတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပေ…

နီပွန်ဖောင်ဒေးရှင်းဥက္ကဌရဲ့ မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှုပေါ် အပစ်ရပ် ၇ ဖွဲ့ ထောက်ခံကြောင်း စာထုတ်

ရန်ကုန်၊ ဇူလိုင်(၆) မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါရဲ့ မြန်မာငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကြိုးပမ်းနေမှုပေါ် NCA လက်မှတ်ရေးထိုးထားတဲ့ EAO ၇ ဖွဲ့ က ထောက်ခံတယ်လို့ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဆာဆာကာဝါ ဦးဆောင်တဲ့ နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့သစ်စီမံကိန်းတွေ ထောက်ပံ့တာ၊ စာသင်ကျောင်းတွေ ထောက်ပံ့တာ၊…

စစ်အာဏာသိမ်း (၈၈၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၅၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၇) AAPP ရဲ့ ဇူလိုင်(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၆)ရက်အတွင်း ပြည်သူ (၃၇၅၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၇၅၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…