လစ်သူယေးနီးယား၊ ဇူလိုင်(၈)
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဂျပန်ကယူဆတဲ့ အာရှရှိတရုတ်နဲ့ရုရှားတို့ရဲ့ လှုပ်ရှားမှုကို ဂရုပြုမိစေဖို့နဲ့ ယူကရိန်းကိုအာရုံစိုက်နေတဲ့ မဟာမိတ်အဖွဲ့ကို သတိပေးဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီ ရှီဒါက လစ်သူယေးနီးယားနိုင်ငံမှာ နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ ဆွေးနွေးမယ်လို့ သိရပါတယ်။
ကီရှီဒါရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်တဲ့ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန် ခေါင်းဆောင် တွေနဲ့အတူ နေတိုးအဖွဲ့ တွေ့ဆုံမှုခရီးစဉ်ဟာ ဂျပန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးကာ နိုင်ငံတဝိုက် ရေပြင်နဲ့ ကောင်းကင်ယံမှာ တရုတ်နဲ့ရုရှားတပ်ဖွဲ့တွေကို ဟန့်တားဖို့ အတွက် ရောက်ရှိလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကိုလာမယ့် အင်္ဂါနေ့မှာတက်ရောက်သွားမယ်လို့လည်း သိရပါတယ်။ ဂျပန် နိုင်ငံဟာ သူ့ကိုကျောထောက်နောက်ခံပြုဖို့ သူရဲ့မဟာမိတ်ဟောင်းဖြစ်တဲ့ အမေရိကန်ကို မှီခိုအားထားလို့ မရတော့သလို ခံစားရတာကြောင့် ကီရှီဒါအနေနဲ့ လုံခြုံရေးဆိုင်ရာ မိတ်ဖက်အသစ်တွေကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
“ဂျပန်က နယ်မြေစိုးမိုးရေးလိုမျိုး အခြေခံမူတွေအကြောင်း ပြောနေပေမယ့် ဥရောပကိုပေးတဲ့ သတင်းစကား ကတော့ ရုရှားနဲ့ အခြေအနေ ဘယ်လောက်ပဲ ခက်ခဲပါစေ ‘အင်ဒို-ပစိဖိတ်ကို မမေ့ပါနဲ့” လို့ ခေယိုတက္ကသိုလ်မှ နေတိုး ကျွမ်းကျင်ပညာရှင် မစ်ချီတို ဆူရိုဝါကာက ပြောပါတယ်။
မကြာသေးမီက နှစ်ပတ်လည် အမျိုးသားလုံခြုံရေးဆိုင်ရာ အကဲဖြတ်မှုမှာတော့ ဂျပန်နိုင်ငံဟာ နေတိုး အဖွဲ့ဝင် ခြောက်နိုင်ငံရဲ့ အိမ်နီးချင်းဖြစ်နေပြီး တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့အပါ အဝင် နျူကလီးယားလက်နက် ကိုင်ဆောင်ထားတဲ့နိုင်ငံတွေဖြင့် ဝိုင်းရံထားကြောင်း ပြောကြား ခဲ့ပါတယ်။
ကီလိုမီတာ ၁၀၀ သာဝေးတဲ့ ထိုင်ဝမ် ဟာလည်း ပဋိပက္ခတစ်ခုထဲသို့ ဝင်ရောက်လာမှာကို တိုကျိုက စိုးရိမ်နေပါသေးတယ်။
စိတ်တူကိုယ်တူနိုင်ငံတွေလို့ အမေရိကန်ရဲ့ကြွေးကြော်သံကို လက်ခံခဲ့တဲ့ ဝန်ကြီးချုပ်ကီရှီဒါက တရုတ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းပါက အရှေ့အာရှမှာ ရုရှားနဲ့ ယူကရိန်းတို့လို ပဋိပက္ခ ဖြစ်ပွားနိုင်ကြောင်း လွန်ခဲ့တဲ့နှစ်က သတိပေးခဲ့ပါတယ်။
နေတိုးနှင့် လက်တွဲခြင်းဖြင့် ဂျပန်ဟာ အမေရိကန်ရဲ့ ကမ္ဘာ့မဟာမိတ်တွေကို အတူတကွ ပေါင်းစည်းဖို့ ကူညီနိုင်မှာဖြစ်တယ်လို့ နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျူလီယမ်နီစမ်မစ်က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
“ရွေးချယ်စရာ အစုံအလင်ကို ကိုင်တွယ်ဖြေရှင်းဖို့ ငါတို့အားလုံး အတူတူ လက်တွဲလာတာ တွေ့ရတယ်” လို့ သူက ဆိုခဲ့ပါတယ်။
နေတိုး အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတော့တန်ဘာ့ကတော့ ယူကရိန်းထံမှ ရရှိတဲ့ သင်ခန်းစာတွေဟာ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနိုင်တယ်လို့ ဇန်နဝါရီက ဂျပန်နိုင်ငံသို့ အလည်အပတ် သွားရောက်ပြီးနောက် ပြောခဲ့တာပါ။
နေတိုးရဲ့ အထောက်အထားတွေဟာ တရုတ်၊ အရှေ့အာရှနှင့် အင်ဒို-ပစိဖိတ်ဒေသတို့အပေါ် စိုးရိမ်ပူပန်မှုကို ရောင်ပြန်ဟပ်လာနေပေမယ့်လည်း ဂျပန်အနေနဲ့ အဲဒီကိစ္စရပ်တွေကို ပိုမိုသိရှိနားလည်ဖို့ လိုအပ်ကြောင်း နေတိုးဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုများမှာပါဝင်တဲ့ ဂျပန်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
Ref: Reuters

