နယူးဒေလီ – ဇူလိုင်(၈) 

ဟင်းသီးဟင်းရွက်တွေရဲ့ စျေးနှုန်းတွေ စံချိန်တင်မြင့်တက်တာနဲ့ အရည်အသွေးဆိုင်ရာ စိုးရိမ်မှု တွေကြောင့် အိန္ဒိယနိုင်ငံအတွင်းဖွင့်လှစ်ထားတဲ့ Fast Food McDonald’s ဆိုင်တွေမှာ ဘာဂါနဲ့ တခြား အစားအစာရောင်းချရင် ခရမ်းချဉ်သီးအသုံးပြုတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံအတွင်းက တချို့သော ဒေသတွေမှာ အိန္ဒိယအစားအစာတွေရဲ့ အဓိကဖြစ်တဲ့ ခရမ်းချဉ်သီးဟာ တစ်ကီလိုကို (၁၄၀) ရူးပီးအထိရှိနေတဲ့အပြင် လက်လီစျေးနှုန်းမှာလည်း မြင့်တက်နေတဲ့အတွက် လူအများဟာ ခရမ်းချဉ်သီးစားသုံးမှုကို ဖြတ်တောက်လိုက်တာပါ။ 

မုတ်သုံမိုးရွာသွန်းမှုကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေး အနှောင့်အယှက်ဖြစ်တာတွေ ကြောင့် ခရမ်းချဉ်သီးစျေးနှုန်းတွေ မြင့်မားလာတာဖြစ်တယ်လို့ အစိုးရက အပြစ်တင်ထား ပေမယ့် မကြာခင်က နို့နဲ့နို့ထွက်ကုန်ပစ္စည်းတွေကစပြီး ဟင်းခတ်အမယ်တွေအထိ ကုန်ပစ္စည်း စျေးနှုန်းတွေတက်နေတာဖြစ်ပါတယ်။ 

“ကျွန်ုပ်တို့အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့သော်လည်း စံချိန်စံညွှန်းများကို ပြည့်မီနိုင်သော ခရမ်းချဥ်သီးများကို လုံလောက် စွာမရရှိခဲ့ပေ။ သို့ပါသောကြောင့် ကျွန်ုပ်တို့သည် ခရမ်းချဥ်းသီး မပါဝင်သော အစားအစာများကို စားသုံးသူများကို ဝန်ဆောင်ပေးရန်အတင်းအကျပ်တွက်တိုက် တွန်းခဲ့ရပါသည်” လို့ McDonald’s ဆိုင်တွေမှာ ကြေငြာထားပါတယ်။ 

ဒါ့အပြင် ဆိုင်မန်နေဂျာတွေကလည်း အိန္ဒိယရဲ့ ခရမ်းချဉ်သီးဟာ အရည်အသွေးပိုင်း ပြဿနာ တွေကြောင့်ဆိုထားပြီး စျေးနှုန်းကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားတာတွေရှိနေပါတယ်။ 

အိန္ဒိယနိုင်င့အတွင်း ဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားတဲ့  McDonald’s ကတော့ ဒီဆုံးဖြတ်ချက် ကို ယာယီဖြစ်ပေါ်တဲ့ ရာသီပေါ် ပြဿနာကြောင့်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.