လန်ဒန် – စက်တင်ဘာ(၉)
ဗြိတိန်နိုင်ငံရဲ့ နန်းသက်အရှည်ဆုံး ဘုရင်မကြီး Elizabeth II ဟာ သက်တော်(၉၆) နှစ်အရွယ် နန်းသက်နှစ်ပေါင်း(၇၀) လောက် စိုးစံပြီးနောက် ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က အသိပေးခဲ့ပါတယ်။
ဘုရင်မကြီးဟာ ၁၉၅၃ ခုနှစ်မှာ နန်းစတက်ခဲ့တာဖြစ်ပြီး သူမနန်းတက်ခဲ့ပြီးနောက်ပိုင်း ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုထားပါတယ်။
ဘက်ကင်ဟမ်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဘုရင်မကြီးဟာ ဒီနေ့ မွန်လွဲပိုင်းက Balmoral မှာ ငြိမ်းချမ်းစွာဆုံးပါးသွားတယ်လို့ အသိပေးထားတာပါ။
ဘုရင်မကြီးဆုံးပါးသွားပြီးနောက် သူမရဲ့သားအကြီးဆုံးဖြစ်သူ ဝေလမင်းသားချားလ်စ်က ဓနသဟာယနိုင်ငံ (၁၄)ခုရဲ့ ဘုရင်အသစ်အဖြစ်နန်းတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
လန်ဒန်မြို့မှာရှိတဲ့ ဘက်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီးရဲ့ အခြေအနေကို စောင့်ကြည့်နေကြ သူတွေဟာ ဘုရင်မကြီးဆုံးပါးသွားတယ်ဆိုတဲ့ သတင်းကြေညာပြီးနောက်မှာတော့ ငိုကြွေးနေကြ သလို နန်တော်ထိပ်မှာရှိတဲ့ ပြည်ထောင်စုအလံကို ဗြိတိန်စံတော်ချိန် ညနေ ၁၈ နာရီ ၃၀ မိနစ်မှာ တိုင်တစ်ဝက်လျှော့ချခဲ့ပါတယ်။
အဲလီဇဘက်ဘုရင်မကြီးကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ၁၉၂၆ ခုနှစ် ဧပြီလ(၂၁) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမကွယ်လွန်ချိန်မှာ သက်တော် (၉၆) နှစ်ရှိနေပြီဖြစ်ပါတယ်။
Ref : BBC

