ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ မွန်လွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်း

0
8933

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၆)

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်အများစု ပါဝင်တဲ့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ (၂၅)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို အွန်လိုင်းကနေ ခေါ်ယူခဲ့ပြီး မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကော်မတီဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလွှတ်တော် ၊ သံတမန်တွေနဲ့ တရားဝင် ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မွန်ပြည်နယ် ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းလိုက်တာပါ”လို့ အဆိုပါ ကော်မတီမှာပါဝင်တဲ့ ကိုယ်စားလှယ်တစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေလည်း မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် NLD ပါတီ ကိုယ်စားလှယ်တွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နှင့် ထွေအုပ်က တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.